ဗီတာမင် E ကိုအသုံးပြုရမှာပါ။ ဗီတာမင် E က အသားအရေ အဆီပြန်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ အရာပါ။ ဗီတာမင် E က အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာကော ဆေးဆိုင်တွေမှာကော အလွယ်တကူ ရရှိနိုင်တဲ့အရာပါပဲ။ ဗီတာမင် E ကိုအသုံးပြုပြီး အချိန်တိုအတွင်းအသားအရေ ကြည်လင်လှပစေဖို့ ဘယ်လိုအသုံးပြုရမလဲဆိုတာ မျှဝေပေးသွားပါမယ်။

ပါဝင်ပစ္စည်း

ဗီတာမင် E Capsule

ဗာဒံဆီ (Almond Oil)

နှင်းဆီရေ (Rose Water) (နှင်းဆီပွင့်ကို ရေနဲ့ သေချာဆေးပြီး ရေနွေးနဲ့ ပြုတ်ပြီး အရည်ကိုပဲထုတ်က အအေးခံထားပါ)

ရှားစောင်းလက်ပက် အနှစ်

ပြင်ဆင်ခြင်းနှင့် အသုံးပြုခြင်း

ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကို ခွက်တစ်လုံးထဲထည့်ပါ။ ပြီးရင် နှင်းဆီရည် စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ သေချာမွှေပါ။ အဲဒီနောက် ဗီတာမင် E Capsule တွေကို ဖောက်ပြီးထည့်ပါ။ အဲဒီနောက် ဗာဒံဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ သေချာမွှေလိုက်ပြီး သန့်ရှင်းတဲ့ ဘူးတစ်ခုထဲထည့်ထားပါ။ ညတိုင်း မျက်နှာသေချာသစပြီး လိမ်းအိပ်ပါ။