အမည်းစက်တွေဟာ အလှပကြိုက်တဲ့သူတွေအတွက်တော့ တကယ်ကို စိတ်အနှောင့်ယှက်ဖြစ်ရာပါ။ မျက်နှာ ၊ လက်နဲ့ နဖူးတွေမှာ အများစု တွေ့ရလေ့ရှိပါတယ်။ နေရောင်ချည်ထိတွေ့တာကြောင့်လည်းဖြစ်နိုင်သလို အသက်အရွယ်ရလာလို့လည်း ဖြစ်နိုင်ပါတယ်။ အမည်းစက်တွေကို သဘာဝနည်းလမ်းနဲ့ ဖြေရှင်းကြရအောင်ပါ။

ကြက်သွန်နီ

ကြက်သွန်နီဟာ အမည်းစက်တွေကို သက်သာပျောက်ကင်းစေပါတယ်။ ကြက်သွန်ဖြူကို ပါးပါးလှီး အရည်ညှစ်ထုတ်ပြီး အမည်းစက်ပေါ်မှာ လိမ်းပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ (၁) ရက် (၁) ကြိမ် (သို့) (၂) ရက် (၁) ကြိမ်လုပ်ပါ။

သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီးနဲ့ သံပုရာသီး နှစ်မျိုးထဲက တမျိုးကိုအသုံးပြုနိုင်ပါတယ်။ သံပုယိုသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ဝါဂွမ်းနဲ့ တို့ကာ မျက်နှာပေါ်မှာ လိမ်းပေးပါ။ တစ်နေ့၂ ကြိမ်လိမ်းပါ။ ပြီးရင် ခြောက်အောင်ထားပြီး ရေဆေးချပါ။ ပန်းသီးရှလကာရည်ကိုလည်း သံပုယိုရည်နဲ့ ဆတူရောပြီး လိမ်းပေးလို့ရပါတယ်။

ပျားရည်

ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ဝါဂွမ်းကို ရေနွေးထဲနစ်လိုက်ပြီး မျက်နှာပေါ်မှာ ညင်သာစွာ နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချပါ။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ဟာ အမည်းစက်တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းလက်ပက်အနှစ်ကို အမည်းစက်ရှိတဲ့နေရာမှာ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။