တခါတလေမှာ ချွေးတွေကြောင့်ဖြစ်ဖြစ်၊ အရမ်းပူလို့ဖြစ်ဖြစ်၊ အသားအရေခြောက်လို့ဖြစ်ဖြစ်၊ ရာသီဥတု ရုတ်တရက်အပြောင်းအလဲဖြစ်ရင် အရေပြားယားယံတတ်ပါတယ်။

အဲဒီလိုအရေးပြားယားယံလာတဲ့အခါ လက်နဲ့ ကုတ်မယ်ဆိုရင် လက်သည်းမှာရှိတဲ့ အဆိပ်တွေ အရေပြားထဲရောက်သွားပြီး ဘက်တီးရီးယားပိုးတွေနဲ့ ပေါင်းစပ်သွားတာကြောင့်၊ အရေပြားနီခြင်း နဲ့ အသားအရေ ထိခိုက်ပျက်စီးခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ဖြေရှင်းကြရအောင်။

၁။ ရေခဲ

ရေခဲတုံးတုံးဟာ အပူချိန်ကြောင့် ယားယံခြင်းကို အကောင်းဆုံးသက်သာပျောက်ကင်းစေပါတယ်။ ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အဝန်အသန့်တစ်ခုထဲမှာ ရေခဲတုံးတွေထဲပြီး အရေပြားယားယံတဲ့နေရာကို ၅ မိနစ် (သို့) ၁၀ မိနစ်လောက် ပွတ်ပေးလိုက်ပါ။

၂။ သံလွင်ဆီ

အသားအရေခြောက်လို့ပဲဖြစ်ဖြစ် အရေပြားယားယံလို့ပဲဖြစ်ဖြစ် သံလွင်ဆီဟာ အကောင်းဆုံးပါပဲ။ သံလွင်ဆီနည်းနည်းကို ယားယံနေတဲ့ အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပါ။ တစ်နေ့ ၂ ကြိမ်လုပ်ပါ။ အဆီပြန်တတ်တဲ့သူတွေမလုပ်ရပါဘူး။

၃။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပပ်ဟာ အရေပြားယားယံတာ၊ နီတာတွေကိုသက်သာစေသလို သင့်အသားအရေကို စိုပြေစေပါတယ်။ ရှားစောင်းလက်ပပ် တစ်ဇွန်း လောက်ကို ယားယံနေတဲနေတဲ့နေရာမှာ လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ဆေးချပါ။