မျက်နှာအသားအရေက ကျွန်မတို့ ခန္တာကိုယ်တစ်ခုလုံးမှာ မြင်သာဆုံးအရာဖြစ်ပြီး ကျွန်မတို့ မိန်းကလေးတွေအတွက်ပေါ့ ပထမမျက်နှာပါပဲ။ ဒီမျက်နှာလေး ကြည်လင်လှပဖို့အတွက် ငွေကြေးများစွာကုန်ကျခံပြုလုပ်လေ့ရှိပါတယ်။
အသားအရေ ကြည်လင်စိုပြေစေမယ့် သဘာဝပါဝင်ပစ္စည်းလေးတွေနဲ့ ပြုလုပ်ပြီး ဝက်ခြံ ၊ အမာရွတ်နဲ့ အမည်းစက်တွေကို ဖယ်ရှားလိုက်ရအောင်။
ပါဝင်ပစ္စည်း
ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ဇွန်း
သခွားသီး ၁ လုံး
ပျားရည် စားပွဲတင်ဇွန်း တစ်ဝက်
ဗီတာမင် E အဆီ စားပွဲတင်ဇွန်း တစ်ဝက်
ပင်စိမ်းရွက်ဆီ ၂ စက် (သို့) လက်ဖက်ဆီ ၁ စက် (ရှာရခက်ရင် မထည့်လည်းရပါတယ်နော်။)
နနွင်းအနည်းငယ်
ပြင်ဆင်ခြင်း
သခွားသီးကို အခွံနွှာပြီး ခြစ်လိုက်ပါ။ ပြီးရင် အရည်ညှစ်လိုက်ပြီး ခွက်တစ်လုံးထဲထည့်လိုက်ပါ။ အဲဒီနောက် ဒိန်ချဉ်ထည့်ပါ။ ပြီးရင် ဗီတာမင် E အဆီ ၊ နနွင်းမှုန့်အနည်းငယ် နဲ့ ပင်စိမ်းဆီထည့်ပြီးရောလိုက်ပါ။ သေချာသမအောင် မွှေလိုက်ပါ။ ဝါဂွမ်းစကို နှင်းဆီရည် (Rose Water) ထဲနှစ်လိုက်ပြီး မျက်နှာကို သန့်ရှင်းရေးလုပ်ပါ။ ရိုးရိုးရေ မျက်နှာသစ်ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပေးလည်းရပါတယ်။
ပြီးရင် ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် Brush (သို့) လက်ချောင်း ကိုသုံးပြီး မျက်နှာအနှံ့ကို သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ခြောက်အောင်ထားပြီးမှ အိပ်ယာဝင်ပါ။ တစ်ညလုံးထားပါ။ မနက်ဘက်မှာ ရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ပြီးရင် Moisturizer လိမ်းပေးပါ။ ၅ ရက်ဆက်တိုက်လုပ်ပေးပါ။
အမည်းစက်တွေလည်း သက်သာပြီး အသားအရေ ကြည်လင်စေမှာဖြစ်ပါတယ်။