ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ ခြောက်သွေ့ ညစ်ညမ်းနေတဲ့ အသားအရေကို စိုပြေစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ် ခရမ်းချဉ်သီးနဲ့ မိနစ် ၂၀ လောက် ပေါင်းတင်ပေးနိုင်ပါတယ်။

အာလူး

အာလူးဟာလည်း အရေးကြောင်းသက်သာပြီး အသားအရေကို ဖြူဝင်းစေပါတယ်။ နေ့တိုင်း အာလူးနဲ့  ၁၅ မိနစ်လောက် ပေါင်းတင်ပေးနိုင်ပါတယ်။ အာလူးကို ပါးပါးလှီးပြီးပေါင်းတင်ပေးနိုင်သလို၊ အာလူးကိုကျိတ်အရည်ညှစ်ပြီးလည်း ပေါင်းတင်နိုင်ပါတယ်။

သံပုယိုသီး

သံပုယိုသီးဟာ အမည်းစက်တွေ ဝက်ခြံတွေကို ထိရောက်စွာ ပျောက်ကင်းစေပြီး အသားအရေကို ဖြူဝင်းစေပါတယ်။ သံပုယိုသီးနဲ့ မျက်နှာကို ပွတ်လိမ်းပေးပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်နိုင်ပါတယ်။

သကြား

သကြားဟာလည်း ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို သန့်စင်ပေးနိုင်ပါတယ်။ အရင်ဆုံးမျက်နှာသစ်ပေးပြီး သကြားနဲ့ ပွတ်ပေးပါ။ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးနိုင်ပါတယ်။

နောက်ထပ် သင့်ကို နုပျိုလှပစေမယ့် သဘာဝပစ္စည်းတွေကတော့ ပျားရည်၊ သခွားသီး၊ ရှားစောင်းလက်ပပ်၊ အုန်းဆီတို့ပဲဖြစ်ပါတယ်။ အဲဒီပါဝင်ပစ္စည်း တစ်ခုချင်းဆီနဲ့လည်း ပေါင်းတင်ပေးနိုင်ပါတယ်။