ဝမ်းဗိုက်မှာ အဆီတွေစုနေတာဟာ ဒီကနေ့ခေတ် ကမ္ဘာ့လူဦးရေ တော်တော်များများမှာ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ အထူးသဖြင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ နေထိုင်စားသောက်ပုံတွေကြောင့်ပါပါတယ်။

ဝမ်းဗိုက်ကအဆီကျဖို့ဆိုရင် နှလုံးကျန်းမာရေးလည်း ကောင်းဖို့လိုပါတယ်။ ကိုယ်အလေးချိန်အလွန်အကျွံတက်နေတာကိုသာမက ကိုလက်စရောများတာ၊ သွေးတိုးရှိတာနဲ့ နှလုံးရောဂါပြဿနာတွေဟာလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပဲဖြစ်ပါတယ်။

သင့်ရဲ့ အပြင်ပိုင်း ရုပ်သွင်ပြင်ပြောင်းလဲသွားရင် သင့်ကိုယ်သင် ယုံကြည်မှု လျော့လာပြီး စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ညအိပ်ယာမဝင်ခင် ဒီဖျော်ရည်ကို သောက်ပေးခြင်းဖြင့် ဇီဝကာမဖြစ်စဉ်ကို လုံ့ဆော်ပေးပြီး သင့်အသားအရေကို နုပျိုစေသလို အဆီလည်း ကျစေမှာပါ။

အစားအများကြီးစားရင် ကိုယ်အလေးချိန်တက်ပြီး အသီးအရွက်တွေပြန်စားရင်တော့ ကိုယ်အလေးချိန်ကို ပြန်ပြီးလျှော့ချပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

သခွားသီး

တရုတ်နံနံပင်

သံပုယိုသီး

ဂျင်း

ရှားစောင်းလက်ပပ်

အခုဖော်ပြခဲ့တဲ့ ပါဝင်ပစ္စည်းအားလုံးဟာ ကျန်းမာရေးအတွက်ကောင်းသလို ရောင်ရမ်းမှုကို သက်သာစေတယ်ဆိုတာ စာဖတ်သူတို့လည်းသိကြမယ်ထင်ပါတယ်နော်။

အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

ပြုလုပ်ပုံ

သခွားသီး တစ်ခြမ်းကို ရေသေချာဆေး အခွံနွှာပြီး အတုံးသေးသေးလေးလှီးလိုက်ပါ။ ပြီးရင် ဖျော်စက်ထဲထည့်ပါ။ တရုတ်နံနံပင် လတ်လတ်ဆတ်ဆတ်ကို ရေသေချာဆေးပြီး ခွက် တစ်ဝက်စာ လှီးပေးထားပြီး ဖျော်စက်ထဲထည့်လိုက်ပါ။ သံပုယိုသီး ၃ လုံးကို အရည်ညှစ်ပါ။

ဂျင်းကို တောက်တောက်စဉ်းပြီး စားပွဲတင်ဇွန်းတစ်ဝက်စာကိုလည်း ထည့်လိုက်ပါ။ ရှားစောင်းလက်ပပ်ကို ခွက်တစ်ဝက် ထည့်ပါ။ ရေ တစ်ခွက် ထည့်လိုက်ပါ။ ပြီးရင် ဖျော်စက်ကို စပြီးလှည့်လိုက်ပါ။ လုံးဝ Smooth ဖြစ်သွားတဲ့ထိ ဖျော်ပေးနေပြီး ရပြီဆိုရင် ခွက်ထဲထည့်လိုက်ပါ။ သကြားလုံးဝမထည့်ပါနဲ့။ တခြားဘာအချိုမှ မထည့်ပါနဲ့။

သောက်သုံးပုံ

ညစာစားပြီး တစ်ခွက်သောက်ပေးနိုင်ပါတယ်။ (သို့) ညအိပ်ယာမဝင်ခင် တစ်နာရီ (သို့) ၂ နာရီအလိုမှာ သောက်ပေးနိုင်ပါတယ်။

စသောက်သောက်ချင်းဆိုရင် ခွက်တစ်ဝက်ပဲအရင်သောက်ပါ။ နောက်နေ့မှာ တစ်ခွက်ောက်ပါ။