အသားအရေလေး လှပကြည်လင်စေမယ့် အိမ်မှာအလွယ်တကူပြုလုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

ကွေကာအုပ်

ကွေကာအုပ်အကြမ်းကိုသိကြပါတယ်နော်။ အဲဒီကွေကာအုပ်အကြမ်း ခွက်တစ်ဝက်လောက်ကို ရေနွေး အနည်းငယ်လောင်းထည့်ပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် မျက်နှာပေါ်မှာ သေချာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေအေးနဲ့ ဆေးချလိုက်ပါ။

သင်္ဘောသီး

သင်္ဘောသီးမှည့်ကို မျက်နှာအလှအပအတွက်ရော ဝက်ခြံတွေ သက်သာပျောက်ကင်းစေဖို့အတွက် အသုံးပြုလို့ရပါတယ်။ သင်္ဘောသီးမှည့်နည်းနည်းကို ပြဲသွားအောင်လုပ်လိုက်ပါ။ ပြီးရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်လိုက်ပါ။ ပြီးရင် သေချာမွှေလိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၁ ခါလုပ်ပေးပါ။

နနွင်း

နနွင်းကလည်း အသားအရေပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်း သက်သာပျောက်ကင်းစေပါတယ်။ နနွင်းမှုန့်နည်းနည်းနဲ့ သံပုရာရည် နည်းနည်းရောပြီးထည့်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေအေးနဲ့ ဆေးချပါ။

ပျားရည်

ပျားရည်ကို အသားအရေ ကြည်လင်စိုပြေစေဖို့အသုံးပြုလို့ရပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ။ နေ့တိုင်းလုပ်ပေးလို့ရပါတယ်။