တစ်နေ့လုံး သွားလာလှုပ်ရှားနေရလို့ လေထုညစ်ညမ်းမှုတွေ၊ နေရောင်ခြည်ထိတွေ့မှုတွေကြာင့် အသားအရေ ခြောက်သွေ့ပျက်စီးနေလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးပါမယ်။

၁။ ဒိန်ချဉ်

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း ၊ အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ဇွန်း၊ သပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောလိုက်ပါ။ ပြီးရင် သေချာမွှေပေးပြီး မျက်နှာလည်ပင်းပေါ်မှာလိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပြီး ရေဆေးချလိုက်ပါ။

၂။ လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင် C ပါဝင်ပြီး သင့်မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ နနွင်းမှုန့် အနည်းငယ် ထည့်လိုက်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာ လည်ပင်းနဲ့ လက် ခြေထောက်တွေကို လိမ်းပေးပါ။ မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိထားပြီး ရေဆေးချလိုက်ပါ။

လိမ္မော်ခွံကို အခြောက်ခံ အမှုန့်ကြိတ်ပြီး၊ ဒိန်ချဉ်နဲ့ ရောကာ လိမ်းပေးလို့လည်းရပါတယ်။

၃။ ပဲမှုန့်

ပဲမှုန့်ဟာ သဘာဝအတိုင်း အသားအရေကို ကျန်းမာစေပါတယ်။ ပဲမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း၊ နေည်းနည်းရောလိုက်ပြီး သေချာမွှေလိုက်ပါ။ ပျစ်ပျစ်လေး ဖြစ်အောင်ဖျော်ရပါမယ်။ ပြီးရင် မျက်နှာ ၊ လက်နဲ့ ခြေထောက်တွေကို လိမ်းပေးပြီး ခြောက်အောင်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။