ဆယ်ကျော်သက်အရွယ်မှာဆို ဝက်ခြံအဖြစ်များပြီး ဝက်ခြံကြောင့် အမာရွတ်တွေ ကျန်ရစ်ခဲ့တတ်ပါတယ်။

ဝက်ခြံကို ခဏခဏ ထိတွေ့ကိုင်တွယ်လို့ ဝက်ခြံရောင်လာပြီး နောက်ပိုင်း ဝက်ခြံကို ညစ်လိုက်တာကြောင့် အဆံမရှိတော့ဘူးဆိုရင်တော့ အမာရွတ်တွေ ကျန်ရစ်ခဲ့တတ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံ အလွယ်တကူ သက်သာပျောက်ကင်းစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာ ဗီတာမင်ပါဝင်မှုများပြီး အမာရွတ်ကို တဖြည်းဖြည်း သက်သာစေပါတယ်။ ရှားစောင်းလက်ပက်အနှစ်နဲ့ မျက်နှာပေါ်မှာလိမ်းပေးထားမယ်ဆိုရင် အရေပြားယားယံတာတွေကို သက်သာစေတဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကိုလည်း သက်သာစေပါတယ်။ မျက်နှာကို သေချာသန့်စင်ပြီးမှ လိမ်းပေးသင့်ပါတယ်။

၂။ အာလူး

အာလူးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်ပြီး အရေပြးကို ကျန်းမာစေပါတယ်။ အာလူးအစိမ်းကို ပါးပါးလှီးပြီး အမာရွတ်ပေါ် ကပ်ထားပေးရင် အမာရွတ် သက်သာပျောက်ကင်းစေပါတယ်။ နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။

၃။ သကြား

သကြားဟာလည်း ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေကို သက်သာစေပါတယ်။ သကြားကို သံလွင်ဆီနည်းနည်းနဲ့ရော သံပုယိုရည် ညှစ်ထည့်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ် ၂ကြိမ် (သို့) ၃ ကြိမ်လုပ်ပါ။

၄။ သံပုယိုသီး

သံပုယိုသီးမှာ ဗီတာမင် C ပါဝင်မှုမြင့်မားပြီး ဘက်တီးရီးယားတွေကို သေစေတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ အမာရွတ်ရှိတဲ့နေရာကို သံပုယိုသီး တခြမ်းခြမ်းလိုက်ပြီး လိမ်းပေးနိုင်ပါတယ်။ သံပုယိုသီးက အသားအရေ နီတာမျိုးဖြစ်စေလို့ ကိုယ်နဲ့ မတည့်ဘူးဆိုရင်တော့ မလုပ်ပါနဲ့နော်။ အသားအရေ ခြောက်သွေ့တဲ့သူတွေလည်း မလုပ်သင့်ပါဘူး။ တစ်ပတ် ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပါ။

၅။ သခွားသီး

ဝက်ခြံကြောင့်ဖြစ်တဲ့ အနာရွတ်တွေ သက်သာဖို့နဲ့ အသားအရေကြည်လင်ဖို့ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီးရင် ရေဆေးချပါ။ နေ့တိုင်းလုပ်ပေးနိုင်ပါတယ်။