မျက်နှာပေါ်မှာ အမာရွတ်တွေရှိနေရင် စိတ်ညစ်ရပါတယ်။ ဝက်ခြံဆိုတာကတော့ အရွယ်ရောက်တဲ့ လူငယ်တိုင်း အနည်းနဲ့အများဆိုသလို ရင်ဆိုင်ကြုံတွေ့ နေရတာပါ။ ဝက်ခြံဖြစ်ပြီးလို့ ဝက်ခြံပျောက်သွားရင် အမာရွတ်ကျန်ခဲ့တတ်ပါတယ်။ ဝက်ခြံဖြစ်တဲ့အချိန်မှာ ခဏခဏ ထိတာ၊ ညစ်ပေးတာတွေကြောင့် လည်းတစ်ခုအပါအဝင်ပါပဲ။ အကောင်းဆုံးကတော့ ဝက်ခြံဖြစ်ရင် မျက်နှာကိုသေချာသစ်ပေးမယ်။

လက်ကိုလည်း သေချာဆေးမယ်။ ပြီးရင် သွားတိုက်ဆေး (သို့) ရေခဲနဲ့ ခဏဝက်ခြံကို အုံထား ဖိထားပေးမယ်ဆိုရင် ဝက်ခြံသက်သာပါတယ်။ အခုတော့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာကို မျှဝေပေးသွားမယ်နော်။

ရှားစောင်းလက်ပပ်

ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ထိထိရောက်ရောက်ပျောက်ကင်းစေဖို့

ရှားစောင်းလက်ပပ်မှာ ဗီတာမင် ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အမာရွတ်တွေကို သက်သာပျောက်ကင်းစေပါတယ်။ ရှာားစောင်းလက်ပပ်အနှစ်ကို မျက်နှာပေါ်မှာ ပုံမှန်လိမ်းပေးရင် အမာရွတ်သက်သာပါတယ်။

အာလူး

အာလူးကို ပါးပါးလှီးပြီး မျက်နှာတစ်ပြင်လုံးကို ကပ်ပေးပါ။ (သို့) ဝက်ခြံရှိတဲ့နေရာကို ကပ်ပေးနိုင်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

သကြား

သကြားကလည်း အမာရွတ်ပျောက်တယ်နော်။ သကြားကို သံပုယိုရည်၊ သံလွင်ဆီနည်းနည်းဆီရောလိုက်ပြီး ၁၅ မိနစ်လောက် အရင်ထားပါ။ ပြီးမှ မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှလကာရည်ဟာလည်း ဝက်ခြံနဲ့ အမာရွတ်တွေကိုသက်သာစေပါတယ်။ ပန်းသီးရှလကာရည်ကို မျက်နှာပေါ်မှာလိမ်းပေးလို့ရပါတယ်။

ပျားရည်

ပျားရည်ဟာလည်း သဘာဝအတိုင်း ဝက်ခြံကို သက်သာပျောက်ကင်းစေလို့ ပျားရည်ကို မျက်နှာပေါ်လိမ်းပေးနိုင်ပါတယ်နော်။