ဒီနေရာမှာ အဓိကသုံးရမဲ့ပစ္စည်းကတော့ ငရုတ်ကောင်းဖြစ်ပါတယ်။

Benefits-O-Black-Pepper-Essential-Oil

ငရုတ်ကောင်းမှာ ဗီတာမင် A နဲ့ K ဓါတ်တွေပါဝင်ပြီး အမြင်အာရုံ သွေးလည်ပတ်မှု စတာတွေအတွက်အထူးကောင်းမွန်ပါတယ်။

ဒါ့အပြင် ပိုတက်ဆီယမ် ကယ်လ်ဆီယမ် ဆီလီနီယမ်ဓါတ်တွေပါဝင်လို့ သွားကျန်းမာရေး၊ လက်သည်း၊ အရိုး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် သွေးဖိအားကို ထိန်းညှိပေးနိုင်ပြီး အသားအရေကို ဝင်းလက်စိုပြေစေပါတယ်။

ပါဝင်ပစ္စည်း

8-black-pepper-yogurt-paste-for-hairs

ဒိန်ချဉ်

ငရုတ်ကောင်းမှုန့်

ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ဒိန်ချဉ်စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပြီး ငြင်သာစွာ ပွတ်လိမ်းပေးပါ။ ပြီးရင် ၂ မိနစ်လောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပါ။

ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့အနာရွတ်တွေကို သက်သာစေသလို အသားအရေကို တောက်ပကြည်လင်လာစေပါတယ်။

နောက်တစ်နည်းကတော့

EggwhiteBlack Pepper Grains10727094.cms_

ကြက်ဥအကာ တစ်လုံးရယ် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းရယ်ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေနဲ့မျက်နှာသစ်ချပါ။

ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေမှာဖြစ်ပါတယ်။