ချိုင်းကြားအသားအရေ ဖြူဝင်းစေဖို့ နည်းလမ်းများစွာမျှဝေပေးနေတဲ့ထဲကမှ ဒီတခါမှာတော့ သံပုယိုသီးကိုသုံးပြီး ဘယ်လိုဖြူဝင်းအောင် လုပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အရင်ဆုံး ချိုင်းကြားအသားအရေ ညိုမည်းရတဲ့အကြောင်းရင်းကို မျှဝေပေးချင်ပါတယ်။

အဓိကအားဖြင့်တော့ ချိုင်းကြား၊ ဒူး၊ တဒေါင်နဲ့ အတွင်းသားအသားအရေ ညိုမည်းရတာဟာ အဝတ်စားတွေ၊ ကြမ်းပြင်တွေနဲ့ မကြာခဏ ပွတ်မိတာကြောင့်ဖြစ်ပါတယ်။ ကိုယ်သုံးနေတဲ့ ချွေးနံ့ပျောက်ဆေးနဲ့ မကြာခဏ ချိုင်းမွှေးနှုတ်တာကြောင့်လည်း အခုလို ညိုမည်းစေတာဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းတွေကို အသုံးမပြုခင်မှာ အရင်ဆုံး ချိုင်းကြားကို ဆေးပေးဖို့လိုအပ်ပါတယ်။ ပြီးတော့ နေစဉ်ပုံမှန် ချိုင်းကြားအသားအရေကို ဆပ်ပြာနဲ့ သေချာဆေးပေးပါ။

၁။ သံပုယိုသီးနဲ့ မှုန့်ဖုတ်ဆိုဒါ

သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပါ။

မှုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ။ ပြီးရင် ချိုင်းကြားမှာလိမ်းပေးလိုက်ပြီး ညင်သာစွာပွတ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။ ညအိပ်ယာမဝင်ခင်လုပ်ပေးရပါမယ်။

၂။ သံပုယိုသီး

မှုန့်ဖုတ်ဆိုဒါမပါဘဲ သံပုယိုသီးကိုပဲသုံးပြီးလုပ်ပေးလို့လည်းရပါတယ်။ ညအိပ်ယာမဝင်ခင် ချိုင်းကြားမှာ ပွတ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးနဲ့ပြန်ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပေးနိုင်ပါတယ်။ သံပုယိုသီးအစား သံပုရာသီးသုံးလို့ရပါတယ်နော်။

၃။ သံပုယိုသီးနဲ့ သကြား

သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပါ။ သကြားစားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင် ချိုင်းကြားမှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေအေးနဲ့ဆေးလိုက်ပါ။ အဲဒီနောက်ခြောက်အောင်သုတ်ပေးပြီး Moisturizer လိမ်းပေးထားပါ။

Featured Image Source: Bare Pits