သံပုယိုသီးကတော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အလှအပအတွက်ရော ကျန်းမာရေးအတွက်ရော များစွာအထောက်အကူပြုတာမို့ လူကြိုက်အများဆုံး အသီးတစ်မျိုးဖြစ်ပါတယ်။

သံပုယိုသီးကို စာဖတ်သူတို့ ဘယ်လိုနေရာတွေမှာ အသုံးပြုကြပါသလဲ။ အလှအပအတွက် အသုံးပြုနည်းအမျိုးမျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။

နှုတ်ခမ်းသားကို နူးညံ့စိုပြေနေစေဖို့

သံပုယိုသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Vaseline အဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

Vaseline ကိုအပူပေးပြီး ပျားရည်နဲ့ သံပုယိုရည်ထည့်ကာ သေချာမွှေပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းဆီအဖြစ်လိမ်းပေးပါ။

လက်သည်းခြေသည်းတွေ သန်မာပြီး သန့်ရှင်းနေစေဖို့

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းနှစ်ခုကိုရောပြီး လက်သည်းကို စိမ်ပေးကာ ပွတ်ပေးပါ။

ချိုင်းကြားအသားရေနဲ့ တဒါင်ဆစ် ဒူးမဲတာတွေအတွက်

သံပုယိုသီးကို ရေမချိုးခင် နာရီဝက် တစ်နာရီအလိုမှာ ချိုင်းသား တဒေါင်ဆစ် ဒူးခေါင်း စတာတွေမှာလိမ်းပေးပြီး ရေချိုးပါ။

ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါရယ် သံပုယိုရည်ရယ်ရောပြီး ချိုင်းသား တဒေါင်ဆစ် ဒူးခေါင်း စတာတွေမှာ လိမ်းပေးပြီး နာရီဝက်လောက် ရေဆေးပေးပါ။