လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကျော်က သင့်အသားအရေအတွက် အသုံးပြုခဲ့တဲ့ အလှကုန်ပစ္စည်း တန်ဖိုးကို တွက်ချက်ကြည့်လိုက်ပါ။ ဘယ်လောက်များ ရှိသွားပြီလဲ။ ကျွန်မတို့တွေဟာ အသားအရေ အလှပအတွက် ငွေကြေးများစွာ ကုန်ကျခံလေ့ရှိပါတယ်။ အသင့်ပြုလုပ်ပြီး အလှကုန်ပစ္စည်းတွေကို မဝယ်ဘဲ သဘာဝနည်းလမ်းလေးတွေနဲ့ အသားအရေကို ပြုပြင်ထိန်းသိမ်းလို့ရပါတယ်နော်။

၁။ ၁၀ စက္ကန့် စည်းမျဉ်း

၁၀ စက္ကန့် စည်းမျဉ်းဆိုတာကတော့ ရိုးရိုးလေးပါ။ ရေချိုးပြီး တဘက်နဲ့ ရေခြောက်အောင် သုတ်ပြီးရင် Lotion ကို လိမ်းပေးလိုက်ပါ။ မျက်နှာပေါ်မှာလည်း ခရင်မ်တမျိုးမျိုးလိမ်းပေးပါ။

၂ တဘက်ပူပူနဲ့ နှိပ်မယ်။

တဘက်တစ်ခုကို ရေနွေးနဲ့ စိမ် ရေညှစ်လိုက်ပြီး မျက်နှာပေါ်အုပ်ကာ သေချာ နှိပ်ပေးပါ။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ချွေးပေါင်တွေပွင့်စေပါတယ်။ ဒ့ါကြောင့် မျက်နှာအသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

၃။ ရေညှိနဲ့ပေါင်းတင်မယ်။

ရေညှိမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ရေညှိကို ရေနွေးနဲ့ ခဏစိမ်လိုက်ပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။ ၁၅ မိနစ်လော်ကထားပြီါ် ရေဆေးချလိုက်ပါ။ အသာအးရေ စိုပြေလာမှာဖြစ်ပါတယ်။

၄။ ဆား

ဆားကိုလည်း အရေပြားပေါ်ကဆဲလ်သေတွေ ဖယ်ရှားဖို့အတွက်အသုံးပြုနိုင်ပါတယ်။ ဆားစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေနွေးတစ်ခွက်ရောပြီး မျက်နှာသစ်ပေးပါ။ အရေပြား ထိခိုက်ရှနာဖြစ်ထားရင်မလုပ်ပါနဲ့နော်။

၅။ သံပုယိုသီး

သံပုယိုသီးက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆီနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ သံပုယိုသီးကိုတခြမ်းခြမ်းပြီး အရည်ညှစ်ပါ။ ဝါဂွမ်းစနဲ့ သံပုယိုရည်ကို တို့ပြီး မျက်နှာပေါ်လိမ်းပေးပါ။ အသားအရေ နုပျို စိုပြေလာမှာဖြစ်ပါတယ်။