ကိုယ်မိတ်ဆွေသူငယ်ချင်းတွေထဲမှာ တခါတလေကျရင်ကြားဖူးကြမှာပါ။ အမက အများကြီးလည်းမစားပါဘူး။ သူ့လောက်တောင်မစားဘူး။ ဒါပေမယ့် ဘာလို့ဝမှန်းမသိဘူးဆိုတာမျိုးပေါ့။

လေ့ကျင့်ခန်းလည်းပုံမှန်လုပ်တယ်။ အာဟာရဓာတ်လည်း ညီညွှတ်မျှတအောင်စားပေမယ့် ကိုယ်အလေးချိန်လည်းမကျဘူးဆိုရင်တော့ အခုအချက်လေးတွေကို သတိထားကြည့်လိုက်ပါ။

အခုလို ကိုယ်အလေးချိန်တက်လာတာဟာ အဓိကအားဖြင့် သင့်ခန္ဓာကိုယ်မှာ Cortisol ဆိုတဲ့ ဟော်မုန်းဓာတ်များတာကြောင့် ဖြစ်ပါတယ်။ အဲဒီဟော်မုန်းဓာတ်ဟာ စိတ်ဖိစီးမှုဖြစ်စေပါတယ်။ ဒါ့ကြောင့် ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဇီဝဖြစ်စဉ်ကိုလည်း နှေးကွေးစေတာကြောင့် ကိုယ်အလေးချိန်တက်လာရတာဖြစ်ပါတယ်။

Cortisol မြင့်မားနေပြီဆိုတဲ့ လက္ခဏာရပ်တွေ

  • စိတ်ခံစားချက် မကြာခဏ အပြောင်းအလဲဖြစ်ခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • ဘာမှမလုပ်ပေမယ့် ပင်ပန်းနွမ်းနယ်နေသလို ခံစားရခြင်း
  • ခေါင်းကိုက်ခြင်း
  • သွေးဖိအားများခြင်း
  • အစာစားချင်စိတ်နည်းခြင်း

  • အစာချေစနစ်မကောင်းခြင်း
  • မကြာခဏဆီးသွားခြင်း၊ ဝမ်းချုပ်ခြင်း (သို့) ဝမ်းသွားခြင်း
  • အိပ်ဆက်ခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာဖြစ်ခြင်း

  • ခဏခဏ မေ့တတ်ခြင်း
  • အရေးကြောင်းဖြစ်ခြင်း
  • မျက်နှာဖောင်းခြင်း (သို့)ရောင်ခြင်းနဲ့ လည်ပင်းမှာ အဆီဖြစ်ခြင်း

Cortisol မြင့်မားနေတာကို ဘယ်လိုလျှော့ချမလဲ

၁။ ရှောင်ရမယ့်အစားအစာ

ကဖိန်း၊ အရက်၊ သကြားပါဝင်မှုများတဲ့အစားအစာ၊ အချိုနဲ့ ပိုတက်ဆီယမ်များတဲ့အစားအစာ

၂။ စားရမယ့်အစားအစာ

ကြက်သား၊ ကြက်ဥ၊ ပန်းမုန်လာစိမ်း၊ ကန်ဇွန်းရွက်၊ နို့၊ ကွေကာအုတ်၊ ပဲအမျိုးမျိုး၊ နေကြာစေ့၊ ရွှေဖရုံစေ့၊ စသည်။

၃။ တစ်နေ့ဘယ်နှစ်ကြိမ်စားရမလဲ

တစ်နေ့ကို ၅ ကြိမ်လောက် နည်းနည်းဆီစားပေးနိုင်ပါတယ်။ အစားမစားဘဲမနေပါနဲ့။ ညစာရှောင်တာမျိုး၊ မစားတာမျိုးဟာ Cortisol ကို ထုတ်ပေးလို့ပါ။

၄။ လေ့ကျင့်ခန်းလုပ်မယ်

တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် မိနစ် ၅၀ ထက်မနည်း လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။

၅။ ကောင်းကောင်းအိပ်ပါ

တစ်နေ့ကို ၈ နာရီကနေ ၁၀ နာရီကြား အိပ်ပေးနိုင်ပါတယ်။

၆။ အနားယူပါ

စိတ်ကိုအနားပေးတာဟာ သင့်ကျန်းမာရေးအတွက်ရော ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ပါ ကောင်းမွန်ပါတယ်။

၇။ ဒါတွေရှာင်မယ်

အားဖြည့်အချိုရည်၊ ကော်ဖီ (သို့) အရက်။

၈။ ဒါတွေစားမယ်

ဗီတာမင် c , B5, Folic Acid, ဗီတာမင် A, စတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အစားအစာ (သို့) ဆေးသောက်နိုင်ပါတယ်။

၉။ ရေများများသောက်ပါ

တစ်နေ့ကို ရများများသောက်ပေးပါ။ မနက်အိပ်ယာနိုးနိုးချင်း ရေတစ်ခွက်သောက်ပါ။ ညအိပ်ယာမဝင်ခင် ရေတစ်ခွက်မဖြစ်မနေသောက်ပေးပါ။