အရေပြားဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အဓိကအင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ အသားအရေကျန်းမာရေးကလည်း သိပ်ကိုအရေးကြီးပါတယ်။ ဓါတုပ္စစည်းတွေမကြာခဏ ထိတွေ့လို့ အသားအရေတွေက တဖြည်းဖြည်း ညှစ်နွမ်းလာပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းနဲ့ ကုသနည်းတွေလည်း ထပ်မံပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

မျက်နှာအသားအရေသာမက လက်ချောင်းခြေချောင်းလေးတွေက အသားအရေလည်း လှပနေဖို့လိုပါတယ်။ နေလောင်ထားလို့ မည်းညစ်နေတဲ့ မျက်နှာနဲ့ လက်ချောင်းခြေချောင်းက အသားအရေ ပြန်လည်နုပျိုဖြူဝင်းစေမယ့် သဘာဝနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

အခုပြောပြမယ့်နည်းလမ်းက သဘာဝနည်းလမ်းလေးတွေဖြစ်ပြီး အလွယ်တကူရှာလို့ရတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

မလောက်ဘူးဆိုရင် အခုပြောပြထားတဲ့ ပမာဏရဲ့ ၂ ဆဆီရောပါ။

ပြုလုပ်နည်းကတော့ ရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကိုရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လက်တွေ အထူးသဖြင့် နေလောင်ထားတဲ့နေရာတွေမှာ လိမ်းပေးပြီး ၁၅ မိနစ် (သို့) ခြောက်သွားအောင်ထားပါ။

ခြောက်သွေ့နေတဲ့ မျက်နှာအသားအရေကိုလည်း ပြန်လည်စိုပြေလာစေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ် ၂ ကြိမ်လုပ်ပေးပါ။