အလှပြင်ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲ အသားအရေ ထိန်းသိမ်းဖို့ တွေးနေပါသလား။ Salon တွေသွားဖို့ အပိုဝင်ငွေကုန်မှာ စိုးတယ်ဆိုရင် အိမ်မှာပဲ အသားအရေ ထိန်းသိမ်းလို့ရနေပါပြီ။ အဆင့် ၄ ဆင့်ပဲလုပ်ရမှာပါ။

အဆင့် ၁

သန့်ရှင်းပါ

နှင်းဆီကို ရေစိမ်ထားတဲ့ Rose Water နဲ့ မျက်နှာကို အရင်သန့်စင်လိုက်ပါ။

ဒါမှမဟုတ် တိုနာနဲ့လည်းသန့်စင်ပေးလို့ရပါတယ်။ ပြီးရင် နွားနို့(အစိမ်းဖြစ်ပါတယ်။) စားပွဲတင်ဇွန်း ၂ကို မျက်နှာပေါ်မှာလိမ်းပေးထားပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ပါ။

အဆင့် ၂

ချေးချွတ်မယ်

သကြား စားပွဲတင်ဇွန်း ၂ ဇွန်း ၊ သံလွင်ဆီစားပွဲတင်ဇွန်း ၁ ဇွန်း (သို့) အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ သံပုရာသီး(သို့) သံပုယိုသီး ၁ လုံးအရည်ညှစ်ပါ။ အခုဖော်ပြတဲ့ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မျက်နှာပေါ်မှာ သေချာပွတ်လိမ်းပေးပါ။ မျက်နှာ လက်တွေရော ခြေထောက်တွေရော အကုန်လုံးလိမ်းလို့ရပါတယ်။

အဆင့် ၄

ရေနွေးငွေ့သုံးမယ်

ရေနွေးပူပူတစ်ခွက်ကို ရှေ့မှာချပြီး ရေနွေးငွေ့ကို မျက်နှာနဲ့ထိအောင် ခံပေးထားပါ။

နေလို့လည်းကောင်းပြီး အသာအးရေ စိုပြေစေပါတယ်။

အဆင့် ၄

မျက်နှာကို ပေါင်းတင်မယ်

ပျားရည် နဲ့ သံပုရာရည် ဆတူရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။

ကဲ Salon ကို တကူးတကသွားနေစရာမလိုတော့ပါဘူး။ တစ်ပတ်ကို ၁ ခေါက်လောက်ပဲလုပ်ပေးရုံနဲ့ အသားအရေ ကြည်လင်ဝင်းပလာစေမှာသေချာပါတယ်။