နေလောင်လို့ အသားအရေတွေ ညိုမဲပျက်ဆီးလာမဲ့ သူတွေအတွက် ဒီနည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ဒိန်ချဉ် ခွက် ၁/၃ ပုံ

ပျားရည် ခွက် ၁/၄ ပုံ (ပျားရည်ကို ခပ်နွေးနွေးလေးအပူပေးပါ။ ပျားရည်နွေးနွေးလေးဆို ပိုပြီး ပျော်ဝင်အားကောင်းပါတယ်)

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ ပျားရည်ရယ် သံလွင်ဆီရယ်ကို အရင် မွှေလိုက်ပါ။ ပြီးရင် ဒိန်ချဉ်ထည့်ပြီး သေချာမွှေပါ။ အဲဒါပြီးရင် မျက်နှာသစ်ပြီး မျက်နှာပေါ်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။

ဒီလိုပဲ လက်တို့ ခြေထောက်တို့မှာလည်း လိမ်းပေးလို့ရပါတယ်။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးရမှာပါ။

ဒါဆိုရင်တော့ နေလောင်ဒဏ်ကြောင့် ပျက်ဆီးနေတဲ့ အသားအရေတွေက နူးညံ့ပြီး ပြန်လည် တောက်ပလာမှာဖြစ်ပါတယ်။