အသားအရေ နေလောင်သွားတဲ့အခါ ဘယ်သူမဆို စိတ်ညစ်ရပါတယ်။ နေပူထဲသွားရင်းနဲ့ သင့်အသားအရေ နေလောင်သွားတဲ့အခါ ပြန်ပြီးဖြူဝင်း သက်သာချင်တာ လူတိုင်းရဲ့ သဘာဝပါပဲ။

အသားအရေ နေလောင်သွားလို့ စိတ်ညစ်နေသူတွေအတွက် သဘာဝနည်းလမ်းကို မျှဝေပေးချင်ပါတယ်။ အသားအရေနေလောင်တဲ့အခါ အလှပြင်ပစ္စည်းတွေ များများဝယ်ပြီး လုပ်စရာမလိုဘဲ သဘာဝနည်းလမ်းလေးနဲ့ ပြန်ပြီး ဖြူဝင်းစေနိုင်ပါတယ်။  အများအားဖြင့်တော့ ခြေထောက်အသားအရေ နေလောင်တာများလို့ ခြေထောက်အသားအရေ နေလောင်သွားတဲ့အခါ ဘယ်လိုပြုလုပ်ရမလဲဆိုတာ မျှဝေပေးပါမယ်။

အဆင့် (၁)

အရင်ဆုံး နေလောင်သွားတဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ။ ခြေထောက်အသားအရေ နေလောင်သွားရင်တော့ အရင်ဆုံး ခြေထောက်ကို ရေသေချာဆေးပြီး ခြေသည်းနီဖျက်ပေးပါ။ တစ်ပတ်လောက် ခြေသည်းနီမဆိုးပါနဲ့။

အဆင့် (၂)

ဇလုံတစ်ခု (သို့) ရေပုံးတစ်ခုထဲကိုထည့်လိုက်ပြီး ရေနွေးနည်းနည်းထည့်လိုက်ပါ။ ပြီးရင် baby ခေါင်းလျှော်ရည်ကို ထည့်လိုက်ပြီး သေချာမွှေလိုက်ကာ ခြေထောက်ကို ၅ မိနစ်လောက်စိမ်လိုက်ပါ။ ပြီးရင် ခြေထောက်တိုက်ပေးတဲ့ brush နဲ့ သင့်ခြေဖနောင့်နဲ့ ခြေသည်းတွေကို သန့်စင်ပါ။ ပြီးရင်တော့ ရေသန့်နဲ့ ပြန်ဆေးပြီး ခြောက်အောင်သုတ်လိုက်ပါ။

အဆင့် ၃

ရေပုံး (သို့) ဇလုံထဲကို ရေနွေးထည့်ပြီး ပျားရည် နည်းနည်းထည့်ပါ။ပြီးရင် သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ထည့်လိုက်ပါ။ ပြီးရင် ခြေထောက်ကို ၅ မိနစ်လောက်စိမ်ထားလိုက်ပါ။ အဲဒီလို စိမ်ထားတဲ့အချိန်မှာ ခြေထောက်ကို သံပုယိုသီးအခွံနဲ့ ပွတ်ပေးပါ။

အဆင့် ၄

သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇါန်း ၂ ဇွန်း

ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ပါ။

ပြီးရင် ခွက်တစ်လုံးထဲကို ပါဝင်ပစ္စည်းတွေအားလုံး ထည့်လိုက်ပါ။ အဲဒီနောက် နေလောင်ထားတဲ့ ခြေထောက်မှာ လိမ်းပေးပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေသေချာဆေးလိုက်ပြီး ခြောက်အောင်သုတ်ပါ။

အဆင့် ၅

ပြီးရင်တော့ Lotion လိမ်းပေးထားလိုက်ပါ။