ဆားဝက်ခြံတွေ ဖြစ်နေလို့ စိတ်ညစ်နေသူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတစ်ခုမျှဝေပေးချင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေစားတာ။ ဟော်မုန်းအပြောင်းအလဲတွေနဲ့ အဆီပြန်တာတွေကြောင့် ဆားဝက်ခြံတွေဖြစ်ပေါ်လာပါတယ်။

ကဲနည်းလမ်းလေးကို ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

သွားတိုက်ဆေး

သွားတိုက်တံ အသန့်

ဆား လက်ဖက်ရည်ဇွန်း ၁/၄ ပုံ

အဝတ်စ

ရေ

ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ဆားဝက်ခြံတွေကို သွားတိုက်ဆေးနဲ့ ဘယ်လိုဖယ်ရှားမလဲ

အရင်ဆုံး သွားတိုက်ဆေးနဲ့ ဆားကို ရောလိုက်ပြီး သွားတိုက်တံနဲ့ ဆားဝက်ခြံတွေပေါ် ငြင်သာစွာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချလိုက်ပါ။

အဝတ်စအသန့်ကို ရေနွေးစွတ်ပြီး မျက်နှာပေါ်မှာ အုပ်ပေးပါ။ အဲဒီနောက် ဒိန်ချဉ်ကို မျက်နှာတစ်ပြင်လုံးလိမ်းပေးပြီး ၁၀ မိနစ်လာက်ထားပါ။ အဲဒီနောက် ရေအေးနဲ့ ဆေးချပေးပါ။

တစ်ပတ်ကို ၁ ကြိမ်ပုံမှန်လုပ်ပေးပါ။ အမည်းစက်တွေလည်းကင်းစင်ပြီး ဆားဝက်ခြံလည်း ကင်းစင်သွားမှာဖြစ်ပါတယ်။