အရင်ဆုံး ဆောင်းပါးလေးမစခင် ရင်သွေးလေးရှိနေတဲ့မိခင်လောင်းတွေအတွက် ဂုဏ်ယူပါတယ်လို့ ပြောပါရစေနော်။

ဒီအချိန်မှာ သင့်ခန္ဓာကိုယ်ကို အထူးဂရုစိုက်ဖို့လိုသလို၊ အစားအသောက်နဲ့ နေ့စဉ်နေထိုင်မှုမှာ ကလေးအတွက် ကိုယ့်ရဲ့ တစ်နေ့တာလုံး နေထိုင်မှု ပုံစံကိုလည်း ဂရုစိုက်ဖို့လိုပါတယ်နော်။

ကိုယ်ဝန်ရှိပြီဆိုရင် ကိုယ်ဝန်ဆောင်တွေ အဓိကရင်ဆိုင်ရတာကတော့ အကြောပြတ်တဲ့ ပြဿနာတစ်ခုပါပဲ။ ရင်သား၊ ဗိုက်သား၊ တင်သား၊ ပေါင်သားတွေမှာ အကြောပြတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဗိုက်ကြောပြတ်တာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းတွေကို မျှဝေပေးပါမယ်။

၁။ အုန်းဆီ ၊ ဗာဒံဆီ ၊ သံလွင်ဆီ တစ်မျိုးမျိုးကို နေ့စဉ် မနက်တစ်ကြိမ်၊ ရေချိုးပြီး နဲ့ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် လိမ်းပေးပါ။

၂။ ကိုယ်အလေးချိန်ကို ဂရုစို်က်ရပါမယ်။ ကိုယ်အလေးချိန် ရုတ်တရက် တက်လာတာ၊ ကျသွားတာကလည်း အခုလို အကြောပြန်စေပါတယ်။ ဒ့ါကြောင့် ကိုယ်ဝန်ရှိနေစဉ်မှာ အာဟာရဓာတ် သင့်တင့်မျှတအောင်စားပေးပါနော်။

၃။ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ကိုယ်ဝန်ဆောင်တွေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ကလေးကိုလည်း ကျန်းမာစေသလို၊ သင့်ကိုယ်လည်း ကျန်းမာစေပြီး၊ လွယ်လွယ်ကူကူလည်း မီးဖွားနိုင်ပါတယ်။

၄။ ရေဓာတ်ဖြည့်တင်းပါ။ တစ်နေ့ကို ရေများများသောက်ပေးပါ။ အနည်းဆုံး ၈ ခွက်ကနေ ၁၀ ခွက်ထိ သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ဖြည့်တင်းနေဖို့အတွက် သခွားသီးလို အရည်ရွှမ်းတဲ့ အသီးများများစားပေးပါ။ ရေဓာတ်ဖြည့်တင်းတာဟာ ဝမ်းအတွက်လည်းကောင်းသလို၊ ခန္ဓာကိုယ်အလေးချိန်ကိုလည်း တင့်သင့်မျှတစေပါတယ်။

၅။ ကဖိန်းဓာတ်ရှောင်သင့်ပါတယ်။ ကဖိန်းဓာတ်ဟာ ရေဓာတ်ခမ်းခြောက်စေသလို၊ အကြောပြတ်စေပြီး ကလေးရဲ့ ကျန်းမာရေးအတွ်လည်း ကိုယ်ဝန်ဆောင်နေစဉ် ကဖိန်းဓာတ်ကို လျှော့ချပေးပါ။

၆။ အသားအရေကို စိုပြေစေတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။ အသီးအရွက်တွေကို များများစားပါ။

၇။ Brush နဲ့ တိုက်ပေးပါ။ သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့အတွက် ရေမချိုးခင်မှာ Brush နဲ့ တိုက်ပေးတာမျိုး လုပ်သင့်ပါတယ်။ အဲဒီလိုလုပ်ပေးတာဟာ သင့်အသားအရေအတွက်လည်း ကောင်းမွန်ပါတယ်။