လူမှန်ရင် လှချင်ကြတာပါပဲ။ မလှချင်တဲ့သူဆိုတာ ရှိမယ်မထင်ပါဘူး။ သင့်မျက်နှာအသားအရေကို သဘာဝအတိုင်း နုပျို စိုပြေနေစေမယ့် နည်းလမ်းကောင်းလေး ၂ ခုကို မျှဝေပေးချင်ပါတယ်။ ဒီနည်းလမ်းကတော့ ကော်ဖီနဲ့ ပေါင်းတင်ပေးရမှာပါ။

၁။ ပါဝင်ပစ္စည်း

ကော်ဖီကြမ်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း တစ်ဝက်

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲရောပြီး သေချာမွေလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်ကို သေချာဆေးလိုက်ပြီး ခြောက်အောင်သုတ်ပါ။ အဲဒီနောက် မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ် ၁၅ မိနစ်လောက်ထားလိုက်ပါ။ အဲဒီနောက် ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ်သုံးနိုင်ပါတယ်။

၂။ ပါဝင်ပစ္စည်း

ကော်ဖီမှုန့်အကြမ်း စားပွဲတင်ဇွန်း ၁ ဇွန်း

နွားနို့ Low-Fat စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲရောပြီး ထည့်လိုက်ပါ။ ပြီးရင် မျက်နှာကို သေချာသစ်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ မျက်လုံးကိုရှောင်ပြီးလိမ်းပေးပါ။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။