အလှအပလို့ ဆိုရာမှာ မျက်နှာလေးကိုသာမက လက်တွေ ခြေထောက်တွေကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်နော်။ လက်တွေဟာ အရာဝတ္တုတော်တော်များများကို ကိုယ်တွယ် ထိတွေ့နေရလို့ သေချာ သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။

ဒီလိုပါပဲ ခြေထောက်လေးတွေကိုလည်း သန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။ လက်တွေ ခြေထောက်တွေမှာ နေလောင်လို့ မည်းနေတာတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

နည်းလမ်း ၁

ပါဝင်ပစ္စည်း

နွားနို့ ခွက် ၁/၄ ပုံ

ကွေကာအုတ်အမှုန့် ခွက်တစ်ဝက်

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ကွေကာအုတ်အမှုန့်ကိုထည့်လိုက်ပါ။ ပြီးရင်နို့ထည့်ပေးပြီး သေချာမွှေပေးပါ။ ပြီးရင် ပျားရည်ထည့်ပြီး သေချာထပ်မွှေပေးပါ။

အဲဒီနောက်လက်နဲ့ ခြေထောက်တွေမှာ သေချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး လက်တွေ ခြေထောက်တွေကို နူးညံ့သန့်ရှင်းစေမှာပါ။

ပြီးရင်တော့ ရေအေးအေးနဲ့ဆေးချပြီး တဘက်နဲ့ သေချာသုတ်ပေးပါ။ တစ်လကို ၂ ကြိမ် ၃ ကြိမ်လောက်ပဲလုပ်ပေးရမှာပါ။

နည်းလမ်း

သကြား ခွက်တစ်ဝက်

သံပုရာရည် (သို့) သံပုယိုရည် ခွက်တစ်ဝက်

သံလွင်ဆီ ခွက် ၁/၄ပုံ

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ သကြား သံလွင်ဆီ၊ သံပုရာရည်ကိုရောပြီး သေချာမွှေပေးပါ။

အဲဒီနောက်လက်နဲ့ ခြေထောက်တွေမှာ သေချာပွတ်လိမ်းပေးပါ။ ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်ပေးရပါမယ်။ ပြီးရင် ခြောက်အောင်ထားပါ။

ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုပွင့်စေမှာဖြစ်သလို အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ဒါ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး လက်တွေ ခြေထောက်တွေကို နူးညံ့သန့်ရှင်းစေမှာပါ။

တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ပတ် ၁ ကြိမ်လုပ်ပေးပါ။