[Unicode]
ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကို အမျိုးသမီးတွေက သိပ်ကို အနှောင့်အယှက်ဖြစ်ကြပါတယ်။ ဘောင်းဘီအတို အကျီ ၤအတို ဝတ်ချင်တဲ့သူတွေအတွက်ဆို ပိုဆိုးတာပေါ့။ တခြားကုမ္ပဏီတွေကထုတ်တဲ့ ပစ္စည်းတွေအစား သဘာဝနည်းလမ်းတွေကို အသုံးပြုပြီး အမွှေးအမျှင်တွေကို ဖယ်ရှားလိုက်ရအောင်။
ပါဝင်ပစ္စည်း
Gelatin မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နွားနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
သခွားသီးအရည် စားပွဲတင်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
သခွားသီးကို ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ပိတ်စနဲ့ခံပြီး အရည်ညှစ်ယူပါ။
ခွက်တစ်လုံးထဲမှာ Gelatin မှုန့်ရယ် နွားနို့ရယ် မုန့်ဖုတ်ဆိုဒါရယ် သခွားသီးအရည်ရယ်ကို ထည့်ပြီး သေချာမွှေပေးပါ
ပြီးရင် Microwave မီးဖိုမှာ ၁၀ စက္ကန့်ကနေ ၁၂ စက္ကန့်ထိထားပေးပါ။
ပြီးရင် ထပ်မွှေပါ။ အရည်က ပျစ်ပျစ်လေးဖြစ်လာပါလိမ့်မယ်။ မဖြစ်ဘူးဆိုရင် နွားနို့အနည်းငယ်ထပ်ထည့်ပြီး မိုက်ခရိုဝေ့ဖ်ထဲမှာ ၁၀ စက္ကန့်လောက် ထပ်ထည့်ပါ။
ပြီးရင် သေချာထပ်မွှေပါ။ မိတ်ကပ်လိမ်းတဲ့ Brush ကိုအသုံးပြုပြီး အမွှေးအမျှင်တွေရှိတဲ့နေရာမှာ လိမ်းပေးပါ။
ခြောက်သွေ့အောင်ထားပြီး ခွာချပါ။
[Zawgyi]
ပါဝင်ပစ္စည်း
ပြုလုပ်နည်း
Reference: http://healthsecret365.info/how-to-make-homemade-hair-removal-wax-with-milk-and-baking-soda/