အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါဟာ အလှအပအတွက် အကျိုးကျေးဇူးများစွာရှိတဲ့ သဘာဝပစ္စည်းတွေဖြစ်ပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားနိုင်ပြီး ဝက်ခြံနဲ့အရေးကြောင်းကင်းစင်စေလို့ အသားအရေကို ချောမွတ် ဖြူဝင်းစေပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါကိုထည့်လိုက်ပါ။ ပြီးရင် အုန်းဆီကိုထည့်ပါ။

သေချာနှံ့စပ်အောင်မွှေပေးပါ။ ပြီးရင်သုံးလို့ရပါပြီ။

အသုံးပြုနည်း

မျက်နှာပေါ်မှာ သေချာပွတ်လိမ်းပေးရမှာပါ။ အထူးသဖြင့် ဝက်ခြံ အရေးကြောင်းရှိတဲ့နေရာမှာ သေချာပွတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး အခြောက်ခံပါ။ ပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ချပါ။

ဘယ်လောက်ကြာကြာလုပ်ရမလဲ

တစ်ပတ်ကို ၃ ကြိမ်၊ ၃ ပတ်အနည်းဆုံးလုပ်ပေးပါ။ ဝက်ခြံကြောင့်ဖြစ်တဲ့အနာရွတ်တွေ၊ ဝက်ခြံတွေ အရေးကြောင်းတွေကင်းစင်ပြီး လှပတဲ့မျက်နှာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။

အုန်းဆီ

အုန်းဆီဟာ အသားအရေကို ရေဓါတ်ဖြည့်ပေးနိုင်ပြီး လန်းဆန်းစေပါတယ်။ ပျက်ဆီးနေတဲ့ဆဲလ်တွေကို ပြုပြင်ပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ

သဘာ၀ ချေးချွတ်ဆေးအဖြစ်အသုံးပြုကြပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင် ချောမွတ်စေပါတယ်။