ငှက်ပျောသီးမှာ အလှပနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ များစွာပါဝင်နေပါတယ်။  မျက်နှာပေါ်က ဝက်ခြံလေးတွေ သက်သာပျောက်ကင်းဖို့နဲ့ ဝက်ခြံကင်းစင်ပြီး အရေးကြောင်းတွေသက်သာစေဖို့အတွက် အကောင်းဆုံး အသီးတစ်မျိုးပါပဲ။ အသားအရေကို နူးညံ့စေပြီး သန့်စင်စေပါတယ်။

အသားအရေ ကျန်းမာရေးအတွက် ငှက်ပျောသီး

ငှက်ပျောသီးကို အသားအရေအလှပအတွက် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ငှက်ပျောသီးကို ပြဲသွားအောင်လုပ်ပြီး မျက်နှာပေါ်မှာလိမ်းပေးကာ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင်ရေနွေးလေးနဲ့ မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုများလို့ အသားအရေပေါ်က အရေးကြောင်းတွေကို သိသိသာသာသက်သာစေမှာပါ။

ငှက်ပျောသီးကို ပျားရည်နဲပရောပြီး မျက်နှာပေါင်းတင်ပေးလို့လည်းရပါတယ်။ အခုလို ပျားရည်နဲ့ရောပြီး မျက်နှာပေါ်လိမ်းပေးကာ နာရီဝက်လောက်ထားပြီးမှ ရေအေးအေးနဲ့ ဆေးချပါ။

မိမိကြိုက်နှစ်သက်တဲ့နည်းလမ်းကို တစ်ပတ် ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

ငှက်ပျောခွံ

ငှက်ပျောသီးနဲ့ လုပ်ရမှာနှမျောရင် တစ်လုံးလုံးကိုစားလိုက်ပါနော်။ ငှက်ပျောခွံကလည်း သင့်အသားအရေအတွက် ကောင်းမွန်ပါတယ်။ ငှက်ပျောခွံမှာ Antioxidant တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝလို့ အသားအရေအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။ ဥပမာအားဖြင့် အင်းဆက်ပိုးမွှားကိုက်တာကို သက်သာစေပြီး၊ အသားအရေယားယံတာကိုလည်း သက်သာစေပါတယ်။ ထိခိုက်ရှနာတာကို မြန်မြန်ပျောက်စေပြီး ဝက်ခြံကိုလည်း သက်သာစေပါတယ်။

ငှက်ပျောခွံကို မျက်နှာပေါ်ပွတ်လိမ်းပေးလိုက်ပြီး ၁၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ညတိုင်းလိုလိုပြုလုပ်ပေးခြင်းဖြင့် အသားအရေ ပိုပြီးလှပလာစေမှာဖြစ်ပါတယ်။