ငှက်ပျောသီးမှာ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါလိုအပ်တဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ဝက်ခြံ၊ အရေးကြောင်းတို့လို အသားအရေ ပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် ငှက်ပျောသီးနဲ့ ပေါင်းတင်ပေးလို့ရပါတယ်။

သဘာဝလည်းဖြစ်ပြီး ရိုးရှင်းလွယ်ကူသလို အသားအရေ နူးညံ့စိုပြေစေဖို့အကောင်းဆုံးပါပဲ။

ဘယ်လိုသုံးမလဲ

ငှက်ပျောသီးကို ပြဲသွားအောင် ဇွန်း (သို့) ကျိတ်စက်ထဲထည့်ပြီး ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။အဲဒီနောက် ရေနွေးလေးနဲ့ဆေးချပါ။

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်လိုမျိုး သတ္တုဓာတ်တွေအများအပြားပါဝင်ပြီး အရေးကြောင်းဖြစ်ခြင်းမှကာကွယ်ပေးသလို အရေးကြောင်းတွေကိုလည်း လျော့ပါးသက်သာစေပါတယ်။

ငှက်ပျောသီးနဲ့ ပျားရည်

ငှက်ပျောသီးတစ်ခြမ်းကို ပြဲသွားအောင်လုပ်ပြီး ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာကိုအရင်သစ်ပြီးမှ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။

အသားအရေ ကြည်လင်လှပစေဖို့ ငှက်ပျောသီးနဲ့ ဘယ်လိုပေါင်းတင်မလဲ

အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို တစ်ပတ် ၃ ကြိမ်အသုံးပြုပေးနိုင်ပါတယ်။

သဘာဝနည်းလမ်းလည်းဖြစ်တဲ့အပြင် တကယ်လည်းအသုံးဝင်တဲ့နည်းလမ်းဖြစ်တာကြောင့် စာဖတ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။