မင်္ဂလာပါပျိုမေတို့ရေ။ အသားအရေခြောက်သွေ့နေလို့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေများနေလို့ စိတ်ညစ်နေလား။ သဘာဝနည်းလမ်းနဲ့ မျက်နှာပေါင်းတင်နည်းကိုမျှဝေပေးချင်ပါတယ်။ အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုရမှာဖြစ်ပါတယ်။

အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါဟာ အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး သဘာဝပါဝင်ပစ္စည်းဖြစ်ပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့ အရေးကြောင်းတွေကိုပျောက်ကင်းစေမယ့်အပြင် အသားအရေမညီတာတွေကိုလည်း သက်သာစေပါတယ်။

ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေအတွက် အသားအရေထိန်းသိမ်းနည်း

ပါဝင်ပစ္စည်း

အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၂ ဇွန်း

ပြင်ဆင်ခြင်း

ခွက်အသေးတစ်လုံးထဲမှာ အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါိုထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ သေချာလိမ်းပေးပါ။ အထူးသဖြင့် အနာရွတ်တွေရှိတဲ့နေရာတွေမှာ သေချာလေးပွတ်ပြီးလိမ်းပေးပါ။ ပြီးရင်ခြောက်အောင်ထားပြီး ရေအေးနဲ့ ဆေးချပါ။

ဒီနည်းလမ်းအတိုင်းတ်ပတ်ကို ၃ ကြိမ်လုပ်ပေးပါ။ ၃ ပတ်အတွင်း ထူးခြားတဲ့ရလဒ်ကိုတွေ့ရမှာဖြစ်ပါတယ်။

အုန်းဆီ

အုန်းဆီမှာ သဘာဝအတိုင်းအသားအရေကို စိုပြေစေပြီး ရေဓါတ်ဖြည့်တင်းပေးနိုင်တဲ့ ဂုဏ်သတ္တိတွေအများကြီးပါဝင်ပါတယ်။ ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကတော့ သဘာဝအတိုင်း ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို ချောမွတ် သန့်ရှင်းစေပါတယ်။