ခြေဖနောင့်ကွဲတာမျိုး ဖြစ်ဖူးကြပါသလား။ လမ်းလျှောက်များတဲ့သူတွေ၊ အသားအရေခြောက်သွေ့သူတွေ ဖြစ်တတ်ပါတယ်။ မျက်နှာအတွက်တော့ ငွေကြေးကုန်ကျခံတဲ့ အလှကုန်ပစ္စည်းတွေသုံးပြီး ခြေထောက်ကိုတော့ ဂရုစိုက်ဖို့ မေ့နေကြပြီလား။ ခေါင်းအစ ခြေအဆုံးလှပနေဖို့လိုပါတယ်နော်။

အိမ်မှာပဲ ခြေဖနောင့်ကွဲတာကို အလွယ်တကူကုသလို့ရပါတယ်။

နည်းလမ်းများ

အရင်ဦးဆုံး ခြေဖနောင့်ကွဲနေတာကို ချေးချွတ်တဲ့ brush နဲ့ တိုက်လိုက်ပါ။ ပြီးရင် သံပုယိုသီးကို ခြမ်းပြီး ခြေဖနောင့်ကွဲနေတဲ့နေရာမှာ ပွတ်တိုက်ပေးပါ။ သံပုယိုသီးဟာ သဘာဝအတိုင်း အညစ်အကြေးကိုသန့်စင်ပေးနိုင်တဲ့ အက်ဆစ်ဓါတ်တွေပါဝင်ပါတယ်။ ပြီးရင် ၅ မိနစ်လောက်ထားပါ။

ဇလုံတစ်လုံးထဲကို ရေနွေး ၃ ခွက် ၄ ခွက်လောက် လောင်းထည့်ပါ။ ပြီးရင် ရေချိုးတဲ့ဆပ်ပြာထည့်ပါ။ ရှလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း ၃ ဇွန်းထည့်ပါ။ ပြီးရင် ခြေထောက်ကို ထည့်စိမ်ပြီး ၁၅ မိနစ်လောက်ထားပါ။

ပြီးရင် ရေချိုးဆပ်ပြာကို Brush ထဲထည့်ပြီး ခြေထောက်ကို ၅ မိနစ်လောက် ပွတ်တိုက်ပေးပါ။

ပြီးရင် သေချာရေဆေးပြီး ခြေထောက်ကို ခြောက်အောင်သုတ်ပါ။

ပြီးရင် ခြေထောက်တိုက်တဲ့ ဟာနဲ့ ခြေထောက်ကို ပြန်တိုက်ပါ။

အဲဒီနောက် အလှဆီကို ခြေထောက်မှာလိမ်းပါ။

ပြီးရင် ခြေထောက်ကို ပလတ်စတစ်နဲ့ ပတ်ပေးလိုက်ပါ။ ပြီးရင်ခြေအိတ်စွတ်ပြီး အိပ်ယာဝင်ပါ။ (ခြေအိတ်စွတ်ဆိုတဲ့နေရာမှာ စာဖတ်သူတွေ အငြင်ပွားမှုတွေ ဖြစ်တတ်လို့ မစွတ်ဘဲအိပ်ရင်လည်းရပါတယ်။ စွတ်ရင်တော့ ပိုအာနိသင်ရှိပါတယ်ရှင့်။