[Unicode]

ဝက်ခြံဆိုတာ ဆဲလ်သေတွေနဲ့အညစ်အကြေးတွေဟာ ချွေးပေါက်တွေကိုပိတ်ဆို့ခြင်းကြောင့်ဖြစ်ရတဲ့ သာမန်အရေပြားပြသာနာတခုပါ။ ပုံမှန်အားဖြင့် ဝက်ခြံတွေဟာ မျက်နှာ၊ ကျောကုန်း၊ ပုခုံး နဲ့ လည်ပင်းတို့မှာ ပေါက်တတ်ပါတယ်။ မျိုးရိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ နဲ့ အဆီပြန်ခြင်းတို့ကြောင့် ဝက်ခြံတွေဖြစ်တတ်ပါတယ်။သဘာဝအတိုင်းဝက်ခြံတွေကို အမြန်ပျောက်ကင်းအောင်ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

Source: Medical News Today

ဝက်ခြံအမျိုးအစားပေါ်မူတည်ပြီးလုပ်သင့်တဲ့ Treatment တွေဟာ ကွဲပြားတာမို့ ကိုယ်ထွက်လေ့ရှိတဲ့ ဝက်ခြံအမျိုးအစားကို သိဖို့လိုပါတယ်။ တချို့ဝက်ခြံတွေဟာ ပျောက်လွယ်ပေမယ့် တချို့ကတော့ ပျောက်ဖို့ကြာတတ်ပြီး အမာရွတ်ကျန်ခဲ့တတ်ပါတယ်။ ယေဘုယျအားဖြင့်ဝက်ခြံတွေဟာ Whiteheads, Blackheads, Pimples (or Pustules), Nodules, Cysts စသဖြင့် ဝက်ခြံအမျိုးအစား (၅)မျိုး ရှိပါတယ်။

Source: Hello Magazine

ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်လာတဲ့ ဝက်ခြံတွေကို Smoker’s acne လို့ခေါ်ပြီး သာမန်ဝက်ခြံတွေလို ပျောက်ကင်းဖို့ မမြန်ဘဲ ကြာရှည်နေတတ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေ Sensitive Skin ကို ဖြစ်စေပြီး အရေပြားပြသာနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။Collagen တွေကို ထိခိုက်စေနိုင်တာမို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်းကြုံတွေ့ရနိုင်ပါတယ်။

Source: shefinds.com

မျက်နှာကို လက်ဖြင့်ကိုင်တွယ်ခြင်းမှရှောင်ရှားပါ။အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေဟာ သင့်ရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး မျက်နှာကို လက်နဲ့ထိတွေ့ခြင်းက ဝက်ခြံတွေကိုပိုပြီးဆိုးရွား လာစေနိုင်ပါတယ်။ဝက်ခြံတွေပေါက်နေရင်Oil-Free ဖြစ်တဲ့ Gentle Type နေ့စဉ်သုံးမျက်နှာသစ်ခရင်မ်နဲ့ အညစ်အကြေးတွေကိုဂရုတစိုက်ဖယ်ရှားပေးပါ။ ဝက်ခြံတွေကို လက်နဲ့ညှစ်ခြင်းက ဘတ်တီးရီးယားတွေကို ပျံ့နှံ့စေပြီး အမာရွတ်ဖြစ်စေနိုင်ပါတယ်။

Source: thatslife.gr

မှန်ကန်တဲ့ Cleanser ကို အသုံးပြုပါ။ Mild Type ဖြစ်တဲ့ Non-Soap Cleanser ကိုသုံးပါ။ Non-Soap Cleanser တွေဟာ Chemical အပြင်းစားတွေမပါဝင်ဘဲ ဘဘာဝပစ္စည်းတွေပါဝင်တာများတာမို့ ရွေးချယ်သင့်ပါတယ်။ Drug  Stores တွေမှာ အလွယ်တကူဝယ်နိုင်ပါတယ်။ Soaps အပြင်းစားတွေနဲ့ Scrub လုပ်ခြင်းက သင့်ရဲ့အရေပြားကို စပ်ဖျင်းဖျင်းဖြစ်စေနိုင်ပြီး ဝက်ခြံတွေကိုပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

ပုံမှန်မျက်နှာသစ်ပေးပါ။ လက်ချောင်းထိပ်လေးတွေကိုအသုံးပြုပြီး မနက်တကြိမ် ညတကြိမ်မျက်နှာသစ်ပေးပါ။ ချွေးထွက်ခြင်းကလည်း ဝက်ခြံတွေကို ပိုဆိုးစေနိုင်တာမို့ ချွေးထွက်ပြီးတိုင်း ကြက်သီးနွေးရုံရေနွေးနွေးလေးနဲ့ မျက်နှာတပြင်လုံးအနှံ့ ပြောင်စင်အောင် သစ်ပေးပါ။

Source: besthealthmag.ca

ကိုယ့် Skin နဲ့ သင့်တော်တဲ့ Skin Care ပစ္စည်းတွေကိုပဲ အသုံးပြုပါ။ ခြောက်သွေ့တဲ့ အသားအရေနဲ့ ယားယံတတ်တဲ့ အသားအရေအမျိုးအစားတွေအတွက် Oil-Free Moisturizer ကို လိမ်းပေးပါ။ Exfoliating Product တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ အရေပြားအထူးကုပညာရှင်တွေကို မေးမြန်းပြီးမှ သင့်ရဲ့အသားအရေနဲ့ သင့်တော်တာကို သုံးသင့်ပါတယ်။

ဝက်ခြံကင်းဝေးပြီး လှပနိုင်ကြပါစေ။

[Zawgyi]

ဝက္ျခံဆိုတာ ဆဲလ္ေသေတြနဲ႔အညစ္အေၾကးေတြဟာ ေခြ်းေပါက္ေတြကိုပိတ္ဆို႔ျခင္းေၾကာင့္ျဖစ္ရတဲ့ သာမန္အေရျပားျပသာနာတခုပါ။ ပံုမွန္အားျဖင့္ ဝက္ျခံေတြဟာ မ်က္ႏွာ၊ ေက်ာကုန္း၊ ပုခံုး နဲ႔ လည္ပင္းတို႔႔မွာ ေပါက္တတ္ပါတယ္။ မ်ိဳးရိုးဗီဇ၊ ေဟာ္မုန္းအေျပာင္းအလဲ နဲ႔ အဆီျပန္ျခင္းတို႔ေၾကာင့္ ဝက္ျခံေတြျဖစ္တတ္ပါတယ္။သဘာဝအတိုင္းဝက္ျခံေတြကို အျမန္ေပ်ာက္ကင္းေအာင္ျပဳလုပ္လို႔ရတဲ့ နည္းလမ္းေတြရွိပါတယ္။

Source: Medical News Today

ဝက္ျခံအမ်ိဳးအစားေပၚမူတည္ျပီးလုပ္သင့္တဲ့ Treatment ေတြဟာ ကြဲျပားတာမို႔ ကိုယ္ထြက္ေလ့ရွိတဲ့ ဝက္ျခံအမ်ိဳးအစားကို သိဖို႔လိုပါတယ္။ တခ်ိဳ ႔ဝက္ျခံေတြဟာ ေပ်ာက္လြယ္ေပမယ့္ တခ်ိဳ ႔ကေတာ့ ေပ်ာက္ဖို႔ၾကာတတ္ျပီး အမာရြတ္က်န္ခဲ့တတ္ပါတယ္။ ေယဘုယ်အားျဖင့္ဝက္ျခံေတြဟာ Whiteheads, Blackheads, Pimples (or Pustules), Nodules, Cysts စသျဖင့္ ဝက္ျခံအမ်ိဳးအစား (၅)မ်ိဳး ရွိပါတယ္။

Source: Hello Magazine

ေဆးလိပ္ျဖတ္ပါ။ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ျဖစ္လာတဲ့ ဝက္ျခံေတြကို Smoker’s acne လို႔ေခၚျပီး သာမန္ဝက္ျခံေတြလို ေပ်ာက္ကင္းဖို႔ မျမန္ဘဲ ၾကာရွည္ေနတတ္ပါတယ္။ ေဆးလိပ္ေသာက္တဲ့သူေတြ Sensitive Skin ကို ျဖစ္ေစျပီး အေရျပားျပသာနာေတြကိုပါ ျဖစ္ေစႏိုင္ပါတယ္။Collagen ေတြကို ထိခိုက္ေစႏိုင္တာမို႔ အရြယ္မတိုင္ခင္ အုိမင္းရင့္ေရာ္ျခင္းကိုလည္းၾကံဳေတြ႕ရႏိုင္ပါတယ္။

Source: shefinds.com

မ်က္ႏွာကို လက္ျဖင့္ကိုင္တြယ္ျခင္းမွေရွာင္ရွားပါ။အညစ္အေၾကးနဲ႔ ဘတ္တီးရီးယားေတြဟာ သင့္ရဲ ႔ ေခြ်းေပါက္ေတြကို ပိတ္ဆို႔ေစႏိုင္ျပီး မ်က္ႏွာကို လက္နဲ႔ထိေတြ႔ျခင္းက ဝက္ျခံေတြကိုပိုျပီးဆိုးရြား လာေစႏိုင္ပါတယ္။ဝက္ျခံေတြေပါက္ေနရင္Oil-Free ျဖစ္တဲ့ Gentle Type ေန႔စဥ္သံုးမ်က္ႏွာသစ္ခရင္မ္နဲ႔ အညစ္အေၾကးေတြကိုဂရုတစိုက္ဖယ္ရွားေပးပါ။ ဝက္ျခံေတြကို လက္နဲ႔ညွစ္ျခင္းက ဘတ္တီးရီးယားေတြကို ပ်ံ ႔ႏွံ႔ေစျပီး အမာရြတ္ျဖစ္ေစနိုင္ပါတယ္။

Source: thatslife.gr

မွန္ကန္တဲ့ Cleanser ကို အသံုးျပဳပါ။ Mild Type ျဖစ္တဲ့ Non-Soap Cleanser ကိုသံုးပါ။ Non-Soap Cleanser ေတြဟာ Chemical အျပင္းစားေတြမပါဝင္ဘဲ ဘဘာဝပစၥည္းေတြပါဝင္တာမ်ားတာမို႔ ေရြးခ်ယ္သင့္ပါတယ္။ Drug  Stores ေတြမွာ အလြယ္တကူဝယ္ႏိုင္ပါတယ္။ Soaps အျပင္းစားေတြနဲ႔ Scrub လုပ္ျခင္းက သင့္ရဲ ႔အေရျပားကို စပ္ဖ်င္းဖ်င္းျဖစ္ေစႏိုင္ျပီး ဝက္ျခံေတြကိုပိုမိုဆိုးရြားလာေစနိုင္ပါတယ္။

ပံုမွန္မ်က္ႏွာသစ္ေပးပါ။ လက္ေခ်ာင္းထိပ္ေလးေတြကိုအသံုးျပဳျပီး မနက္တၾကိမ္ ညတၾကိမ္မ်က္ႏွာသစ္ေပးပါ။ ေခြ်းထြက္ျခင္းကလည္း ဝက္ျခံေတြကို ပိုဆိုးေစႏိုင္တာမို႔ ေခြ်းထြက္ျပီးတိုင္း ၾကက္သီးေႏြးရံုေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာတျပင္လံုးအႏွံ႔ ေျပာင္စင္ေအာင္ သစ္ေပးပါ။

Source: besthealthmag.ca

ကိုယ့္ Skin နဲ႔ သင့္ေတာ္တဲ့ Skin Care ပစၥည္းေတြကိုပဲ အသံုးျပဳပါ။ ေျခာက္ေသြ႕တဲ့ အသားအေရနဲ႔ ယားယံတတ္တဲ့ အသားအေရအမ်ိဳးအစားေတြအတြက္ Oil-Free Moisturizer ကို လိမ္းေပးပါ။ Exfoliating Product ေတြကို အသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ အေရျပားအထူးကုပညာရွင္ေတြကို ေမးျမန္းျပီးမွ သင့္ရဲ႔အသားအေရနဲ႔ သင့္ေတာ္တာကို သံုးသင့္ပါတယ္။

ဝက္ျခံကင္းေဝးျပီး လွပႏိုင္ၾကပါေစ။