မင်္ဂလာပါ ပျိုမေတို့ရေ… အလှအပဆိုရင် အရာအားလုံးကို ဂရုစိုက်တတ်တဲ့သူတွေအတွက် ပြဿနာတစ်ခုကတော့ အကြောပြတ်တဲ့ဒဏ်ရာတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပြီးသွားတဲ့အချိန်မှာ ကျန်နေခဲ့တဲ့အကြောပြတ်ဒဏ်ရာတွေ၊ ကိုယ်အလေးချိန်လျော့သွားတဲ့အချိန်မှာ ဖြစ်တတ်တဲ့ အကြောပြတ်ဒဏ်ရာတွေကို ပျောက်ကင်းဖို့အတွက်လိုလာတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေက ပျိုမေတို့ကိုအများကြီး ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။

ကြက်ဆူဆီ

ကြက်ဆူဆီက ဝယ်ရတာခက်ခဲတဲ့အထဲမှာတော့ မပါပါဘူး။ အရေပြားပေါ်မှာရှိတဲ့ ဒဏ်ရာတွေ၊ အကြောပြတ်တာတွေကို ပျောက်ကင်းအောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကြက်ဆူဆီအနည်းငယ်ကို အကြောပြတ်တဲ့နေရာပေါ်မှာ သေချာလိမ်းပေးပြီး အဝတ်သန့်သန့်လေးတစ်ခုနဲ့ အုပ်ထားပေးလိုက်ပါ။ ပြီးရင်တော့အပေါ်ကနေ ရေနွေးထည့်ထားတဲ့ပုလင်း ဒါမှမဟုတ် အိတ်ကိုတင်ပြီး နာရီဝက်လောက်နားနေလိုက်ပါ။ ဒီနည်းလမ်းအတိုင်း တစ်လလောက်လုပ်ပြီးသွားတဲ့အခါမှာ သိသာတဲ့ရလဒ်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာက အသားအရေပေါ်မှာရှိနေတဲ့ အမာရွတ်တွေကိုပျောက်ကင်းစေဖို့ အထောက်အကူဖြစ်နေစေပါတယ်။ ကြက်ဥအကာကိုပဲဇလုံထဲကိုထည့်ပြီး ခရင်းနဲ့ခေါက်ပေးလိုက်ပါ။ အမြုပ်တွေဖြစ်သွားပြီဆိုတဲ့အချိန်ကြရင် သန့်စင်ထားတဲ့အသားအရေပေါ်မှာလိမ်းပေးပြီး ခြောက်သွားတဲ့ထိထားပေးလိုက်ပါ။ အချိန်ကြာလို့ခြောက်သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ ပြန်ပြီးတော့သန့်စင်ပေးလိုက်ဖို့လိုပါတယ်။ ဒီနည်းလမ်းကို နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ သိသာလာစေမှာပဲဖြစ်ပါတယ်နော်။

အာလူးအရည်

အာလူးကအသားအရေပေါ်မှာရှိတဲ့ ဝက်ခြံကြောင့်ကျန်တဲ့အမာရွတ်တွေကိုလည်း ပျောက်ကင်းစေပြီး အသားအရေကိုပုံမှန်တိုင်းပြန်ဖြစ်စေဖို့ ကူညီပေးနိုင်တဲ့ဟင်းသီးဟင်းရွက်တစ်မျိုးလည်းဖြစ်ပါတယ်။

နည်းလမ်းလေးကတော့ အာလူးကိုလှီးလိုက်တဲ့အခါမှာ သဘာဝအတိုင်းရှိနေတဲ့ အရည်တွေကို အကြောပြတ်တဲ့နေရာတွေပေါ်မှာ လိမ်းပေးပြီး ခြောက်သွားအောင်ထားထားပေးလိုက်ပါ။ အာလူးကအရည်တွေက အသားရေတွေပေါ်မှာခြောက်သွေ့သွားပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ သန့်စင်ပေးလိုက်ပါ။

ဒီနည်းလမ်းလေးတွေက အကြောပြတ်တဲ့ ဒဏ်ရာတွေကိုသက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် အပြစ်နာဆာကင်းတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်ရဖို့ လိုက်လုပ်ကြည့်သင့်တယ်လို့ထင်ပါတယ်။

Photo Source: Pinterest

Featured Image: iStock