ဆားဝက်ခြံပြဿနာဟာ အလှအပကြိုက်တတ်တဲ့ ပျိုမေတို့အတွက်တော့ စိတ်ညစ်စရာပါ။ ချွေးပေါက်ပိတ်စေပြီး အဆီပြန်စေလို့ ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေသလို သင့်ကိုလည်း ဆွဲဆောင်မှုလျော့စေပါတယ်။ ဒါ့ကြောင့် ဆားဝက်ခြံကင်းစင်ပြီး အသားအရေကို ပိုမိုဖြူဝင်းလာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံးခွက်တစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါထည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေအတွက် PH ပမာဏကို သင့်တင့်မျှတစေပါတယ်။

ပြီးရင် ပျားရည်နဲ့သံပုယိုရည်ထည့်လိုက်ပါ။ ပျားရည်က ဆဲလ်တွေကို ပြန်ပြီးပြုပြင်ပေးသလို အသားအရေကို ချောမွေ့စေပါတယ်။ ဒါ့အပြင် အဆီနဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

သံပုယိုရည်ကလည်း ဘက်တီးရီးယားတွေကို သေဆေနိုင်ပြီး အသားအရေကို ဖြူဝင်းစေပါတယ်။

အဲဒီနောက် ပါဝင်ပစ္စည်းအားလုံးကို သေချာသမအောင်မွှေလိုက်ပြီး မျက်နှာကိုအရင်သစ်လိုက်ပါ။ ပြီးရင်မျက်နှာကို ခြောက်အောင်ပြန်သုတ်ပြီး အခုရောထားတာကို လိမ်းလိုက်ပါ။ အထူးသဖြင့် ဆားဝက်ခြံရှိတဲ့နေရာကိုလိမ်းပေးပါ။ ၅ မိနစ်လောက် နှိပ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက် ဒီအတိုင်းထားပြီး ရေဆေးချပေးပါ။

တစ်ရက်ခြားတစ်ခါ ၂ ပတ် ၃ ပတ်လောက်လုပ်ပေးပါ။ ဆားဝက်ခြံ သိသိသာသာ သက်သာသွားတာကို တွေ့ရမှာဖြစ်ပါတယ်။