မျက်ကွင်းညိုခြင်းကို ဖြစ်ပေါ်လာစေသည့် အဓိကအကြောင်းအရင်းများမှာ မျိုးရိုဗီဇလိုက်ခြင်း၊ အိုမင်းလာခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ အချိန်ကြာကြာငိုကြွေးခြင်း၊ ကွန်ပျူတာရှေ့တွင် နာရီပေါင်းများစွာ အလုပ်လုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုများ၊ အိပ်ရေးပျက်ခြင်းများ နှင့် စားသောက်မှုပုံစံလွဲမှားနေခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်အပိုင်းအခြားမရွေး မျက်ကွင်းညိုခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ မျက်ကွင်းညိုခြင်းက စိုးရိမ်ရလောက်သော ပြဿနာတစ်ခုမဟုတ်သော်လည်း သင့်ကို ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း၊ မကျန်းမာခြင်း နှင့် အသက်အရွယ်ကြီးခြင်း စသည့်အသွင်အပြင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အတွက် ဤကဲ့သို့ မိမိအသွင်အပြင်ကို ကြည့်ရဆိုးစေသည့် မျက်ကွင်းညိုများကို အချိန်တိုအတွင်း အလျင်အမြန်ပျောက်ကင်းဖို့အတွက် အိမ်တွင်ပင်ပြုလုပ်နိုင်သည့် နည်းလမ်းကောင်းလေးများကို ဝေမျှပေးလိုက်ရပါတယ်။

၁။ အယ်လ်မွန်စေ့အဆီ

မျက်လုံးတဝိုက်ရှိ နူးညံ့ပါးလွှာသောအသားအရေအတွက် အင်မတန်ထိရောက်ကောင်းမွန်သော သဘာဝအရောအနှောတစ်ခုဖြစ်ပါတယ်။ နေ့စဉ်မှန်မှန်သုံးစွဲပေးပါက မျက်ကွင်းညိုခြင်းများကို သိသိသာသာပျောက်ကင်းသွားစေမှာပါ။

၂။ သခွားသီး

အသားအရေကိုဝင်းလက်စေသည့် ဓာတ်သတ္တိများပါဝင်သောကြောင့် ရက်ကွန်းမျက်ကွင်းလေးများကို သဘာဝအတိုင်းလျော့ကျသွားစေမှာဖြစ်ပါတယ်။ သခွားသီးကို ထူထူလှီးပြီးနောက် ရေခဲသေတ္တာထဲ မိနစ် ၃၀ ခန့်အအေးခံကာ မျက်ဝန်းတဝိုက် ၁၀ မိနစ်မျှထားရှိပြီး ရေဖြင့်ဆေးချနိုင်ပါတယ်။

၃။ အာလူး

အာလူးတွင်ပါဝင်သည့် သဘာဝအစွမ်းသတ္တိဓာတ်များသည် မျက်ကွင်းညိုခြင်းကို ပြေလျော့စေရုံသာမက မျက်လုံးတဝိုက်ဖောင်းအစ်မှုကိုပါ ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အာလူးတစ်လုံး သို့မဟုတ် နှစ်လုံးအား အရည်ရရှိရန်အတွက် ခြစ်ပေးပါ။ ဂွမ်းလုံးကို သစ်သီးအရည်ထဲသို့နှစ်ကာ မှိတ်ထားသည့်မျက်လုံးပေါ်သို့ ဖုံးအုပ်ပေးပါ။ ၁၀ မိနစ် မှ ၁၅ မိနစ်အထိထားပေးပြီးနောက် ရေအေးဖြင့် ဆေးကြောနိုင်ပါတယ်။

၄။ နှင်းဆီပန်းအရည်

ပင်ပန်းနွမ်းနယ်နေသည့် မျက်လုံးများကို ပြန်လည်ပြေလျော့စေသည့် အစွမ်းရှိရုံသာမက အသားအရေအတွက် Toner အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။

၅။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးသည် အသားအရေကို နဂိုမူလအတိုင်းပြန်လည်ဝင်းပလာစေနိုင်ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်တစ်ဇွန်းနှင့် သံပရိုသီးအရည်ဇွန်းတဝက်ခန့်ကို ရောစပ်ကာ မျက်ကွင်းညိုများအပေါ် ၁၀ မိနစ် ထားရှိပြီးနောက် ရေဖြင့်ဆေးချနိုင်ပါတယ်။

၆။ သံပရိုရည်

ဗီတာမင်စီပါဝင်မှုကြောင့် မျက်လုံးတဝိုက်ရှိ မျက်ကွင်းအညိုများကို ဖယ်ရှားရန်ကူညီပေးနိုင်ပါတယ်။ ဝါဂွမ်းလုံးကို အသုံးပြုကာ လတ်ဆတ်သည့်သံပရိုသီးအရည်ကို မျက်လုံးတဝိုက်လိမ်းခြယ်ပေး၍ ၁၀ မိနစ်ခန့်ထားရှိပြီးနောက် ရေဖြင့်ဆေးကြောနိုင်ပါတယ်။

၇။ အုန်းဆီ

အုန်းဆီကို အသုံးပြုကာ မျက်ကွင်းအညိုများကို နှိပ်နယ်ပေးခြင်းကလည်း ထိရောက်သောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အစိုဓာတ်ဖြည့်အစွမ်းသတ္တိကြောင့် ချောမွေ့သောအသားအရေနှင့် အရေးအကြောင်းများ၊ ပါးရေတွန့်ခြင်းတို့မှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၈။ လက်ဖက်ရည်ကြမ်းအထုပ်များ

ကဖင်းဓာတ်နှင့် Antioxidant ဓာတ်များသည် မျက်ကွင်းညိုခြင်းကိုသာမက မျက်လုံးဖောင်းအစ်ခြင်းကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ရေခဲသေတ္တာထဲ နာရီဝက်ခန့်ထားရှိပြီး ၁၀ မိနစ် မှ ၁၅ မိနစ်အထိမျက်လုံးတဖက်စီအပေါ် တင်ထားပြီးနောက် မျက်နှာသစ်ပေးနိုင်ပါတယ်။

၉။ ရေအေးကပ်ခြင်း

ရေခဲကပ်သည့်အခါ မျက်လုံးအောက်ရှိ သွေးကြောများကို ပြန်လည်တင်းကြပ်စေသည့်အတွက် မျက်လုံးဖောင်းအစ်ခြင်း၊ မျက်ကွင်းညိုခြင်းများကို လျော့ကျစေရန်ကူညီပေးမှာဖြစ်ပါတယ်။ အဝတ်ကိုရေအေးထဲနှစ်ခြင်း၊ ရေခဲတုံးများကို လက်ကိုင်ပုဝါထဲထည့်ခြင်း၊ ဇွန်းကိုအအေးခံခြင်း စသည့်နည်းလမ်းများကို အသုံးပြုပေးနိုင်ပါတယ်။

၁၀။ နနွင်း

မျက်ကွင်းညိုခြင်းကို သက်သာစေရုံသာမက မျက်လုံးတဝိုက်ရှိ အသားအရေကိုနူးညံ့ချောမွတ်မှုရှိစေရန် ကူညီပေးမှာဖြစ်ပါတယ်။ နနွင်းမှုန့်ကို လက်ဖက်ရည်ဇွန်းနှင့်နှစ်ဇွန်းကို နာနတ်သီးအရည်နှင့် ရောမွှေပေးပြီး ဖြစ်ပေါ်နေသည့်နေရာများသို့ လိမ်းခြယ်ပေးပါ။ ၁၀ မိနစ်ခန့်ထားရှိပြီးသည့်နောက် နူးညံ့သည့်ရေစိုဝတ်နှင့်သုတ်ပေးနိုင်ပါတယ်။