အသားအရေ ဖြူဝင်း ကြည်လင်စေဖို့အတွက် လူတိုင်းလိုလို ကြိုးစားကြပါတယ်။ ဆန်ဟာ ကျွန်မတို့ ခန္ဓာကိုယ်အတွက် အာဟာရ အပြည့်ပေးနိုင်ရုံ သာမက အလှအပအတွက်လည်းအသုံးပြုနိုင်ပါတယ်။ ဆန်ဆေးရည်ကို ဆံကေသာသန်စွမ်းဖို့အသုံးပြုကြသလို မျက်နှာအလှအတွက်လည်း သုံးကြပါတယ်။ ဒီတစ်ခါမှာတော့ ဆန့်မှုန့်ကို အသုံးပြုတဲ့ နည်းလမ်းကိုမျှဝေပေးပါမယ်။

ပါဝင်ပစ္စည်း

ဆန်မှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း (ဆန်ကို နာရီဝက် ၁ နာရီလောက်ရေစိမ်ထားပြီး အမှုန့်ကြိတ်ပါ (သို့) ထောင်းပါ)

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ ၁ ခွက်

ပြင်ဆင်ခြင်း

အရင်ဆုံး ခွက်တစ်လုံးထဲကို ဆန့်မှုန့်အရင်ထည့်ပါ။ ပြီးရင် ပျားရည်ထည့်ပါ။ ပြီးရင် ရေထည့်လိုက်ပါ။ အဲဒီနောက်သေချာနှံ့အောင်မွှေပေးပါ။ ပြီးရင်သုံးလို့ရပါပြီ။ မျက်နှာလိမ်းတဲ့ Brush အသန့် (သို့) လက်ချောင်းလေးတွေကိုအသုံးပြုပြီး လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး အခြောက်ခံပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။ ၁ လလောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်။