အလုပ်တွေရှုပ်၊ စိတ်ဖိစီးမှုတွေ များပြီး ကိုယ်အလေးချိန်တွေတက်၊ ဝက်ခြံတွေထွက်နဲ့ မလှမပဖြစ်နေသလား။ မစိုးရိမ်ပါနဲ့။ ဒီပြသနာတွေ ဖြေရှင်းပေးမယ့် သဘာ၀ ဆေးနည်းလေးရှိပါတယ်။ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ဖြစ်ပါတယ်။

ဝက်ခြံ ပြသနာ ကင်းဝေးဖို့

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကို ရောပြီး ဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပါ။ ညမအိပ်ခင် လိမ်းအိပ်ပြီး နောက်နေ့ မနက်မိုးလင်းရင် ခွာပေးပါ။ ဒါဆိုရင် ဝက်ခြံ မြန်မြန်ပျောက်ပြီး ထပ်မထွက်ဖို့ ကာကွယ်ပေးပါတယ်။

ဆံပင်ကျွတ်တာ လျော့နည်းဖို့

အလုပ်တွေ ရှုပ်၊ စိတ်ဖိစီးမှုများလာရင် ဆံပင်တွေ ကျွတ်လာကြပါတယ်။ အထူးသဖြင့် အမျိုးသားများက စိတ်ဖိစီးမှုများ၊ အလုပ်ရှုပ်ရင် ဆံပင်ကျွတ်လာကြပါတယ်။ ဒါကြောင့် ဆံပင်ကျွတ်တာတွေ လျော့နည်းဖို့ သဘာဝနည်းနဲ့ ကာကွယ်လိုက်ကြရအောင်။

သံလွင်ဆီ စားပွဲတင်ဇွန်းနဲ့ တစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်းနဲ့တစ်ဇွန်း နဲ့ သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်း နဲ့ ၁ ဇွန်းတို့ကို ရောပြီး ဦးရေပြားမှာ လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ ပြီးနောက် ရေဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

ကိုယ်အလေးချိန် ကျဖို့

ပျားရည်ကို ကျိုလိုက်ပြီး၊ သစ်ကြမ်းပိုးခေါက် အနည်းငယ်ကို ထည့်ပြီး ရေတစ်ခွက်နဲ့ တွဲပြီး သောက်လိုက်ပါ။ အမြဲတမ်းမနက်စာ မစားခင် နာရီဝက် အလိုလောက်မှာ နေ့စဉ် သောက်သုံးပါ။ နေ့တိုင်းလိုလိုသောက်နေရင်း ကိုယ်အလေးချိန်ကျလာတာကို ခံစားရပါလိမ့်မယ်။

သစ်ကြမ်းပိုးခေါက်ကို ဒန်ပေါက်ချက်တဲ့နေရာမှာလည်း ထည့်သုံးလေ့ရှိပါတယ်။ ပရဆေးဆိုင်တွေနဲ့ City Mart တို့မှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။