လူတွေမှာ အသားအရေ အမျိုးမျိုးရှိပါတယ်နော်။ အဆီပြန်တဲ့အသားအရေကတော့ မိတ်ကပ်လိမ်းတာကြာကြာမခံတာ အဆီပြန်တတ်တဲ့မျက်နှာမျိုးကိုဆိုလိုတာပါ။ နဖူး နှာခေါင်း ပါး မေးစေ့ စတဲ့နေရာလေးတွေမှာ တစ်နေရာချင်းဆီကွက်ပြီး အဆီပြန်တတ်ရင် ပေါင်းစပ်အသားအရေလို့ခေါ်ပါတယ်။ မိတ်ကပ်လိမ်းတာလည်းခံတယ် အဆီလည်းမပြန်ဘူးဆိုရင်တော့ သဘာဝအသားအရေနဲ့ ခြောက်သွေ့တဲ့အသားအရေလို့ ဆိုနိုင်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေ သံလွင်ဆီလိမ်းရင် ပိုပြီးအဆီပြန်ပြီး ဝက်ခြံပိုထွက်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ အဆီပြန်တဲ့သူတွေက အဆီမပါတဲ့ အလှကုန်ပစ္စည်းသုံးပေးပြီး အသားခြောက်တဲ့သူက အဆီပါတဲ့ အလှကုန်ပစ္စည်းသုံးပေးပါ။

ခရမ်းချဉ်သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ဝက်ခြံကိုသက်သာစေပြီး အသားအရေကို ဖြူဝင်းစေပါတယ်။ ခရမ်းချဉ်သီးနဲ့ အသားအရေအမျိုးစားအလိုက် ပေါင်းတင်နည်းကို မျှဝေပေးချင်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေအတွက်

ဘာမှလုပ်ခင် မျက်နှာကို သေချာသစ်ထားပေးပါနော်။ ခရမ်းချဉ်သီး တစ်လုံးနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းလိုပါတယ်။ ခရမ်းချဉ်သီးကို ကြိတ်လိုက်ပြီး သံလွင်ဆီနဲ့ သေချာရောလိုက်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်နားကိုလိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ အဲဒီနောက် Moisturizer လိမ်းပေးပါ။ ညအိပ်ယာမဝင်ခင် လုပ်ပေးရမှာပါ။

အဆီပြန်တတ်တဲ့အသားအရေ နဲ့ ပေါင်းစပ်အသားအရေအတွက်

အသားအရေ အမျိုးမျိုးအတွက် ခရမ်းချဉ်သီးနဲ့ ပေါင်းတင်နည်း

ဘာမှလုပ်ခင် မျက်နှာကို သေချာသစ်ထားပေးပါနော်။ ခရမ်းချဉ်သီး ၁ လုံး၊ သခွားသီး ကြိတ်ပြီးသား စားပွဲတင်ဇွန်း ၂ ဇွန်းစာ ၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါမယ်။ ခရမ်းချဉ်သီးကိုလည်း ကြိတ်လိုက်ပြီး သခွားသီးကြိတ်ထားတာနဲ့ ရောလိုက်ပါ။ ပျားရည်ရောလိုက်ပြီး သေချာမွှေပေးပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။

အသားအရေ ဖြူချင်ရင်

ခရမ်းချဉ်သီး ၁ လုံး၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း၁ ဇွန်း( အဆီပြန်တဲ့သူဆိုရင် ဒိန်ချဉ် အဆီမပါတာသုံးပါ။ အသားခြောက်တဲ့သူဆိုရင် ဒိန်ချဉ်ကို အဆီပါတာသုံးပါ) ၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဝက် လိုပါမယ်။