ခြေဖနောင့်ကွဲတာ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် ခြေထောက်အသားအရေခြောက်သွေ့ပြီး ခြေဖနောင့်ကွဲတာမျိုးဖြစ်စေပါတယ်။ ခြေဖနောင့်က ကျွန်မတို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဖိအားကိုအဓိကခံရတာဖြစ်ပါတယ်။ အလှအပကိုဂရုစိုက်တယ်ဆိုရာမှာ မျက်နှာတစ်ခုတည်းကို ဂရုစိုက်နေလို့ မရပါဘူး။ ခေါင်းဖျားကနေ ခြေဖျားထိ ဂရုစိုက်ဖို့လိုအပ်ပါတယ်။

သဘာဝနည်းလမ်းတွေ

အရင်ဆုံး ခြေထောက်ကို ရေနွေးပူပူထဲမှာ ၁၅ မိနစ် မိနစ် ၂၀ လောက်စိမ်လိုက်ပါ။ ပြီးရင် ခဲလုံး (သို့) ကြမ်းပြင်အကြမ်းနဲ့ ခြေဖနောင့်ကို ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ ခြေထောက်ကိုရေဆေးကာ ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် Lotion လိမ်းပေးပါ။ ညတိုင်းလိုလိုလုပ်ပေးပါ။

နောက်ထပ်နည်းလမ်းလေးတွေကတော့ အသားအရေခြောက်သွေ့တာ ခြေဖနောင့်ကွဲတာမျိုးမဖြစ်စေဖို့ အုန်းဆီနဲ့ သံလွင်ဆီကို ရောပြီး ခြေဖနောင့်နဲ့ ခြေထောက်တစ်ခုလုံးကိုလိမ်းပေးပါ။ ပြီးရင်ခြေအိပ်ဝတ်ပြီး အိပ်ယာဝင်လိုက်ပါ။

ပျားရည်

ပျားရည်ကိုလည်း မျက်နှာအသားအရေသာမက တကိုယ်လုံးအတွက်အသုံးပြုနိုင်ပါတယ်။ ပျားရည်ကို ရေနွေးနဲ့ရောပြီး ခြေဖေနောင့်နဲ့ ခြေထောက် တစ်ခုလုံးကို လိမ်းပေးပါ။ ပြီးရင်ခြောက်အောင်ထားပြီး ရေအေးအေးနဲ့ဆေးချလိုက်ပါ။