အလှအပအတွက် နေ့စဉ်အသုံးပြုနေတဲ့ နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသားတွေ ခြောက်သွေ့ပျက်ဆီးပြီး ညိုမဲနေပြီ။ ဆေးလိပ်သောက်လွန်းလို့ နှုတ်ခမ်းတွေ ညိုနေတာပဲ။

ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ နှုတ်ခမ်းသားနူးညံ့စိုပြေနေစေပြီး တစ်ပတ်အတွင်း ပန်းသွေးရောင်သန်းစေမယ့် နည်းလမ်းလေးတစ်ခုကို စာဖတ်သူတို့ကို ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်း

darklipsremedy

နိုကိုဥအသေး ၁ လုံး

မုန်လာဥနီအသေး ၁ လုံး

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ဘယ်လိုလုပ်မလဲ

darklipsrecipe

နိုကိုဥနဲ့ မုန်လာဥနီကို ဖျော်စက်ထဲထည့်ပြီး ကြိတ်လိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သံလွင်ဆီထည့်ပြီး ထပ်မွှေပါ။

ပြီးရင် ဝါဂွမ်းလေးနဲ့ယူပြီး နှုတ်ခမ်းသားပေါ်မှာ လိမ်းပေးပါ။

darkpinklipsgel

တစ်ရက်ကို ၂ ကြိမ် (မနက်တစ်ကြိမ် ညအိပ်ယာမဝင်ခင်တစ်ကြိမ်) လုပ်ပေးရမှာပါ။ တစ်ညလုံးထားပြီး မနက်ခင်မှာ ရေနဲ့ဆေးချပါ။ ပြီးရင် နှုတ်ခမ်းမှာလိမ်းလို့ရတဲ့ Vaseline အဆီကို လိမ်းပေးထားပါ။ တစ်ပတ်လောက်လုပ်ရင် နှုတ်ခမ်းသား သိသိသာသာ ကောင်းမွန်လာပါလိမ့်မယ်။

နောက်တစ်နည်း

နှုတ်ခမ်းသားအရမ်းညိုနေရင်တော့ သံပုရာသီး (သို့) သံပုယိုသီး အနည်းငယ်ထည့်ပြီးလုပ်ပေးရမှာပါ။

Featured Image Source: sayeeda.sg