သင့်အသက်အရွယ်ရလာတာနဲ့အမျှ အသားအရေမှာ အရေးကြောင်းတွေထွက်ပေါ်လာပါတယ်။ အရေးကြောင်းတွေထွက်လာတာဟာ အသက်အရွယ်ကြောင့်ဆိုပေမယ့် အရွယ်မတိုင်ခင် အရေးကြောင်းဖြစ်ပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့အတွက် သင့်အရေးကြောင်းတွေကို လျှော့ချပေးနိုင်မယ့် သဘာဝနည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်။

၁။ နေရောင်ချည်ထိတွေ့မှုကို ရှောင်ကျဉ်ပါ

နေရောင်ချည်ထိတွေ့တာဟာ သင့်အသားအရေကို ညိုမည်းစေရုံသာမက၊ အမြန်ဆုံး အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် နေရောင်ချည်ထိတွေ့တာကိုရှောင်ပါ။

၂။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာဟာ ကျန်းမာရေးအတွက်သာမက အသားအရေအတွက်ပါ ဆိုးကျိုးဖြစ်စေပြီး သင့်အသားအရေကို အရေးကြောင်းတွေဖြစ်ပေါ်စေပါတယ်။

၃။ ချွေးချွတ်ပေးပါ

သင့်မျက်နှာအသားအရေကို သေချာသန့်စင်ပေးသင့်ပါတယ်။ အသက် ၃၀ ကျော်လာပြီဆိုရင် သင့်မျက်နှာအသားအရေကို သေချာဂရုစိုက်ပါ။ မိတ်ကပ်၊ ဖုန်၊ ချွေးနဲ့ အညစ်အကြေးတွေကြောင့် ချွေးပေါက်ကျယ်စေပြီး ဆဲလ်သေတွေဖြစ်ပေါ်လာကာ သင့်အသားအရေကို အရေးကြောင်းတွေဖြစ်ပေါ်လာစေပါတယ်။

၄။ အနားယူပါ

တစ်နေ့ကို အနည်းဆုံး ၇နာရီလောက်အိပ်ပေးသင့်ပါတယ်။ အိပ်ရေး၀၀အိပ်တာဟာ သင့်အသားအရေ အိုမင်းရင့်ရော်မှုကနေ ကာကွယ်ပေးနိုင်သလို မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖြစ်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ကောင်းကောင်းအိပ်စက်ပါ။

၅။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင်စားပါ

ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင်စားတာဟာ သင့်အသားအရေကို စိုပြေစေပါတယ်။ အသီးအရွက်၊ ငါး၊ နှံစားသီးနှံတွေစားပါ။

သဘာဝပေါင်းတင်နည်း

ကြက်ဥအကာ ၁ လုံးနဲ့ အုတ်ဂျုံနည်းနည်းရောပြီး သေချာမွှေကာ မျက်နှာပေါ်မှာ မိနစ် ၂၀ လောက်လိမ်းထားပေးပါ။ ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ အဲဒီနောက် ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။