ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ သုတေသနပြုချက်အရ အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်ရောက်သူ ၃ ပုံ ၁ ပုံဟာ အဝလွန်နေကြတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းမလုပ်ဘဲ အစားအစာကို ညီညွှတ်မျှတအောင်စားပေမယ့်လည်း ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ အစားလည်း အရမ်းအဆီတက်စေတာမစားဘူး လေ့ကျင့်ခန်းလည်းလုပ်ပါလျက်နဲ့ ကိုယ်အလေးချိန်ဘာလို့တက်ရသလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

 ညဖက်အလုပ်လုပ်ရခြင်း

သင့်ခန္ဓာကိုယ်က နေ့လည်ဖက်မှာ အစာစားပြီး ညဖက်မှာ အိပ်ရတာပါ။ ဒါပေမယ့် ညည့်နက်တဲ့ထိ အလုပ်လုပ်တာဟာ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သဘာ၀ ခန္ဓာကိုယ်အလေ့အထကို ချိုးဖောက်လို့ပါ။ အဲဒီလို ညဖက် အိပ်ရေးပျက်ပြီးအလုပ်လုပ်တာဟာ ကယ်လိုရီလောင်ကျွမ်းမှုနည်းစေပါတယ်။

၂။ အိပ်ရေး၀၀မအိပ်ရခြင်း

သုတေသနပြုချက်အရ အိပ်ရေး၀၀ မအိပ်တာဟာလည်း ကိုယ်အလေးချိန်တက်စေပါတယ်။ အိပ်စက်ခြင်းဟာ စွမ်းအင်ဆိုင်ရာ ဇီဝဖြစ်စဉ်အတွက် အဓိကအရေးပါပါတယ်။ ဒါ့ကြောင့် ညဖက်အိပ်ရေး၀၀အိပ်ပါ။

၃။ လေထုညစ်ညမ်းမှု နဲ့ ကြုံတွေ့ရခြင်း

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေဟာ အဝလွန်ခြင်းနိုင်ချေပိုများတယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့ရတဲ့သူတွေဟာ Fatty Tissue တွေကိုပိုပြီးတည်ဆောက်ပေးနိုင်ပြီး အစားအစာတွေကို အဆီပိုဖြစ်စေတယ်လို့ဆိုပါတယ်။

၄။ TV အရမ်းကြည့်ခြင်း

TV အရမ်းကြည့်တာဟာ အဝလွန်ရောဂါဖြစ်နိုင်ချေ ၂၃% ထိရှိတယ်လို့ဆိုပါတယ်။ တီဗီကြည့်ရင်းအိပ်သွားတာဟာလည်း အဲဒီလိုအဝလွန်နိုင်ချေပိုများပါတယ်။ ညဖက်မှာ တီဗီ ၊ဖုန်းကနေ ထွက်တဲ့အလင်းရောင်ဟာ သင့်ဇီဝဖြစ်စဉ် မမှန်ခြင်းကို ကာကွယ်ပေးတဲ့ ဟော်မုန်းဓာတ်တမျိုးကို ပျက်စီးစေပြီးအဝလွန်စေနိုင်ပါတယ်။

၅။ စိုးရိမ်ပူပန်ခြင်း

စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေဟာ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

၆။ အဆီနည်းတဲ့အစားအစာကိုပဲစားခြင်း

အမြဲတမ်းအဆီနည်းတဲ့အစားအစာတွေကိုပဲစားပေးတာဟာလည်း ကိုယ်အလေးျိန်တက်စေနိုင်ပါတယ်။ ဝိတ်ကျချင်ရင်အဆီစားပါ။ အဆီစားပါဆိုတာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ Omega 3 Fatty Acid ကိုပြောတာပါနော်။ စားအုန်းဆီတို့ အစားအစာကို အဆီရွှဲရွှဲစားပါလို့ ပြောတာမဟုတ်ပါဘူး။

၇။ စားသောက်ဆိုင်မှာစားခြင်း

အစားအစာကို အိမ်မှာမဟုတ်ဘဲ ဆိုင်မှာအစားများတဲ့သူတွေဟာ ကိုယ်အလေးချိန်တက်နိုင်ချေပိုများပါတယ်။ အိမ်မှာ မိမိဘာသာ ချက်စားပါ။