မင်္ဂလာပါနော်။ မာလကာရွက်ရဲ့ အစွမ်းက တကယ်ကိုအံ့မခန်းပါပဲ။ ဒီကနေ့ခေတ်လူတွေ အမျာအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာရပ်ကတော့ ဝက်ခြံ အမည်းစက်တွေ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေ အရေအကြောင်းတွေ ပါပဲ။

မာလကာရွက်

မာလကာရွက်ဟာ အသားအရေဆိုင်ရာပြဿနာတွေ အတွက် အထူးကောင်းမွန်ပါတယ်။

ဘယ်လိုသုံးမလဲ

မာလကာရွက်ကို အခြောက် (သို့) အစို လက်တစ်စုပ်စာကို ကြိတ်လိုက်ပါ။

မကြိတ်ချင်ဘူးဆိုရင်လည်း ဒီအတိုင်းပြုတ်ပေးလို့ရပါတယ်။ ပြီးရင် အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်တည်ပါ။

ရေ အညိုရောင်ဖြစ်လာတဲ့ထိထားပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး အအေးခံပါ။

အဲဒီအရည်ကို ဝါဂွမ်းစနဲ့ စွတ်ပေးပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် ရေနွေးနဲ့မျက်နှာသစ်ချပါ။

တစ်ပတ်ကို ၂ ခါလောက်လုပ်ပါ။ ၁ လအတွင်းသိသာလာပါလိမ့်မယ်။

မာလကာရွက်ပြုတ်ရည်နဲ့ ခေါင်းလျှော်မယ်ဆိုရင်လည်း ဆံပင်ကျွတ်တာရပ်ပါတယ်ရှင့်။