ဒီနည်းလမ်းလေးကတော့ စာရေးသူလည်း လက်တွေ့ကျင့်သုံးနေတဲ့နည်းလမ်းလေးပါ။ တခြားပါဝင်ပစ္စည်းတွေ များများစားစားမလိုဘဲ ရိုးရှင်းလွယ်ကူလို့ လုပ်ရတာလည်းအဆင်ပြေပါတယ်။

တခါလုပ်ရုံနဲ့တင် ဆားဝက်ခြံတွေ သက်သာလို့ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ချွေးပေါက်ကျယ်မှာစိုးလို့ တစ်ပတ်မှ ၃ ခါလောက်ပဲလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

ဆားဝက်ခြံနဲ့ပတ်သတ်လို့ သဘာဝနည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီနည်းလမ်းမှာအသုံးပြုရမှာကတော့

ကြက်ဥအကာ ၁ လုံး

သစ်ရှုး အနည်းငယ်

ပြုလုပ်နည်း

မျက်နှာသစ်ပြီး ခြောက်အောင်သုတ်ပါ။ ကြက်ဥအနှစ်နဲ့ အကာကိုခွဲလိုက်ပါ။

ကြက်ဥအကာကို ဆားဝက်ခြံရှိတ့နေရာမှာ လိမ်းပေးပါ။ ထူထူလေးလိမ်းပေးပါ။ ပြီးအရင်အဲဒီအပေါ်မှာ သစ်ရှုးနဲ့ကပ်လိုက်ပါ။ သစ်ရှုနှစ်လွှာရှိပါတယ် ၁  လွှာပဲကပ်ပါ။ ပြီးရင်ခြောက်အောင်ထားပါ။ အသားအရေက တင်းလာပါလိမ့်မယ်။ အဲဒီအခါမှာ ခွာချလိုက်ပါ။

ပြီးရင်မျက်နှာသစ်ပြီး Moisturizer လေးသုံးပေးပါ။