ကြည်လင်တဲ့အသားအရေရဖို့ ရှားစောင်းလက်ပက်နဲ့ဆို ဖြစ်နိုင်ပါတယ်နော်။ ရှားစောင်းလက်ပက်မှာ ဗီတာမင် C၊ E၊ Antioxidant၊ Beta Carotene ပါဝင်လို့ အသားအရေဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ အသားအရေခြောက်သွေ့တာတွေကို သက်သာစေပြီး ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ပုံမှန်သုံးပေးမယ်ဆိုရင် အသားအရေကြည်လင်ပြီး ဖြူဝင်းစေတာ သုံးဖူးသူတိုင်း အသိပါပဲ။

အရင်ဆုံး ဘယ်လိုသုံးရမလဲမပြောခင် အကျိုးကျေးဇူးတွေကို အရင်ပြောပြမယ်နော်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက် ဟာ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်ပြီး အမည်းစက်တွေကို သက်သာပျောက်ကင်းစေသလို နုပျိုစေပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်တွေကို ပြန်လည် မွေးထုတ်ပေးနိုင်ပါတယ်။

ပျားရည်

ပျားရည်ကတော့ သဘာဝအတိုင်း အသားအရေကို နူးညံ့ချောမွတ်စေပြီး စိုပြေစေပါတယ်။

သံပုယိုရည်

ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ သံပုယိုရည်ဟာ အသားအရေဖြူဝင်းစေပါတယ်။ အရေးကြောင်းတွေကို ဖယ်ရှားပေးပြီး အသားအရေကို သန့်ရှင်းစေပါတယ်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်ခြင်း

ခွက်တစ်လုံးထဲကို ရှားစောင်းလက်ပပ် အနှစ်အရင်ထည့်လိုက်ပါ။ ပြီးရင် ပျားရည်နဲ့ သံပုယိုသီးကို အရည်ညှစ်ထည့်ပါ။ သေချာမွှေလိုက်ပြီးရင် သုံးလို့ရပါပြီ။ အရင်ဆုံး မျက်နှာကို သန့်ရှင်းရေးလုပ်လိုက်ပါ။ ပြီးရင် စောစောကရောထားတဲ့ အနှစ်လေးကိုမျက်နှာ လည်ပင်းနားကိုလိမ်းလိုက်ပါ။ မျက်လုံးနားတစ်ဝိုက်ကို ရှောင်ပြီးလိမ်းပေးပါနော်။ မျက်လုံးထဲဝင်သွားမှာစိုးလို့ပါရှင့်။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ဆေးချပါနော်။

တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး ၁ လတိတိလုပ်ပေးပါ။ အသားအရေ ဖြူဝင်းလာစေမှာဖြစ်ပါတယ်။