မျက်နှာပေါ်ကအမည်းစက်ပြဿနာအတွက် အိမ်တွင်းကုထုံးနည်းကို မျှဝေပေးချင်ပါတယ်။ အရေပြားကျန်းမာရေးအတွက် တကယ်ကိုကောင်းမွန်တဲ့အပြင် ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်လာမှာမို့ စာဖတ်သူတို့ သဘောကျကြမှာပါ။

ပါဝင်ပစ္စည်း

သံပုယိုသီး အသေး ၁ လုံး (အရည်ညှစ်ပေးပါ။)

နို့မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

Glycerin အလှဆီ ၃ စက်

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (Hydrogen Peroxide) အရည် ၄ စက်

ပြင်ဆင်ခြင်း

ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်လုံးထဲထည့်ပြီး ဇွန်းနဲ့သေချာမွှေပေးပါ။ အားလုံးသေချာပျော်ဝင်သွားပြီဆိုရင် ၅ မိနစ်လောက်ထားပါ။

အသုံးပြုခြင်း

ဆပ်ပြာနဲ့ မျက်နှာသစ်ပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် စောစောကပြုလုပ်ထားတာကို မျက်နှာပေါ်လိမ်းပေးပြီး တစ်ညလုံးဒီအတိုင်းအိပ်ပါ။ မနက်မိုးလင်းရင် မျက်နှာသစ်ချလိုက်ပြီး ခြောက်အောင်သုတ်ပါ။ တစ်ပတ်လောက်ထိ ဆက်တိုက်လုပ်ပေးပါ။ မယုံနိုင်စရာရလဒ်ကောင်းကို ရရှိပိုင်ဆိုင်စေမှာပါ။

မျက်နှာပေါ်နေမလောင်ပါစေနဲ့။

UV ပါတဲ့ အလှကုန်ပစ္စည်းသုံးပါ။