အဆီပြန်တဲ့အသားအရေမှာ အဓိကအားဖြင့် ချွေးပေါက်ပိတ်ကာ ဝက်ခြံတွေထွက်တတ်ပါတယ်။ ဒါ့အပြင် အဆီပြန်တာကြောင့် သင့်ကိုကြည့်လိုက်ရင် အမြဲတမ်း ပင်ပန်းနေသလို ထင်ရစေပါတယ်။

အဆီပြန်တဲ့အသားအရေအတွက် ထမင်းရည်

ထမင်းရည်ဟာ အရသာလည်းရှိပြီး အာဟာကြွယ်ဝပါတယ်။ အခုတော့ ထမင်းကို အိုးနဲ့သည်တာ ချက်တာမျိုးရှားသွားကြပါပြီ။ ထမင်းရည်ဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး အသားအရေကို ပြန်လည်နုပျိုလာစေပါတယ်။

အဆီပြန်ခြင်းကိုသက်သာစေပြီး ဝက်ခြံကိုလည်း သက်သာစေပါတယ်။ သဘာဝ PH ဓာတ်မျှတစေတာကြောင့် သင့်အသားအရေကို ကြည်လင်လာစေမှာပါ။ အမည်းစက်တွေကိုလည်းသက်သာစေပြီး အသားအရေကို ဖြူဝင်းလာစေပါတယ်။

ထမင်းရည်ကို ဘယ်လိုလုပ်မလဲ

ထမင်းရည်ဟာ ဓာတုပစ္စည်းမပါလို့ ပိုပြီး စိတ်ချရတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ Antioxidant တွေပါဝင်လို့ အရေးကြောင်းတွေကို ကာကွယ်ပေးပြီး ဆဲလ်တွေကို ပြုပြင်ပေးနိုင်ပါတယ်။ နေ့စဉ်သုံးမယ်ဆိုရင် အသားအရေကို ကြည်လင်ဖြူဝင်းလာစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

ဆန် စားပွဲတင်ဇွန်း၅ ဇွန်း

ရေ ၁ ခွက်

ပြုလုပ်နည်း

အိုးတစ်လုံးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောင်သည်လိုက်ပါ။ ပွက်လာရင် မီးဖိုပေါ်ကချပြီး ဆန်ထည့်ပါ။ အဲဒီနောက် မိနစ် ၃၀ လောက်ထားပါ။ ပြီးရင် ရေဆစ်ချလိုက်ပါ။ အဲဒီနောက် စပရေးဘူးအလွတ်ထဲထည့်ထားပြီး သုံးလို့ရပါတယ်။

မိတ်ကပ်ဖျက်ဆေးအနေနဲ့လည်းသုံးနိုင်သလို၊ မျက်နှာသစ်ပေးလို့လည်းရပါတယ်။ မနက်တိုင်းမှာ မျက်နှာသစ်ပေးလို့ရပြီး ညတိုင်းမှာလည်း မျက်နှာပေါ်မှာလိမ်းပေးထားလို့ရပါတယ်။ သင့်စိတ်တိုင်းကျ တစ်နေ့ကို ၃ ကြိမ် (သို့) ၄ ကြိမ်သုံးနိုင်ပါတယ်။