ချွေးပေါက်ပိတ်တာက ဆားဝက်ခြံလေးတွေ ဖြစ်ပေါ်စေတာသာမက ဝက်ခြံအမျိုးမျိုး အဖုအပိန့်တွေလည်း ဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း ချွေးပေါက်ဖွင့်ဖို့ လိုပါတယ်။

ချွေးပေါက်ပိတ်နေတာတွေအတွက် ဈေးကြီးတဲ့ အလှပြင်ခရင်မ်တွေကို အသုံးမပြုပါနဲ့တော့။ မီးဖိုချောင်ထဲမှာ ကိုယ်စားမယ့် အစားအစာထဲက တစ်ချို့ကို အသုံးပြုလိုက်ကြရအောင်ပါ။

ပါဝင်ပစ္စည်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း

လိမ္မော်ရည် (လိမ္မော်သီးအဖတ်ပါရမယ်) စားပွဲတင်ဇွန်း ၁ ဇွန်း

ရှားစောင်းလက်ပက်အနှစ် စားပွဲတင်ဇွန်း  ၁ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ ချွေးပေါက်ပိတ်တဲ့နေရာမှာ ထူထူလိမ်းပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပါ။ လုံးဝခြောက်သွေ့သွားပြီဆိုရင် လက်ကိုရေစွတ်ပြီး အဖတ်တွေကို ခွာချပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်ကို ၃ ကြိမ်နဲ့ ၂ ပတ်ဆက်တိုက်လုပ်ပေးပါ။ ချွေးပေါက်ပိတ်တာသက်သာပြီး အသားအရေ သန့်ရှင်း လတ်ဆတ်လာပါလိမ့်မယ်။