ကော်ဖီဟာ သင့်အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်လှပစေတယ်ဆိုတာ သင်သိပါသလား။ လူတိုင်းနီးပါး ကော်ဖီသောက်ကြပါတယ်။ တချို့ကတော့ ကော်ဖီနဲ့ ပေါင်းတင်တတ်ကြပါတယ်။

ကော်ဖီဟာ Free Radical ကြောင့် အသားအရေ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နုပျိုစေပါတယ်။ အရေးကြောင်းတွေကိုလည်းသက်သာစေပါတယ်။

ဒါ့ကြောင့် Spa တွေ၊ အလှကုန်ပစ္စည်းကုပ္မဏီတွေမှာဆိုရင်လည်း ကော်ဖီက ရေပန်းစားပါတယ်။

ပါဝင်ပစ္စည်း

ကော်ဖီ ခွက် ၁/၂ ပုံ

အုန်းဆီ ခွက် ၁/၄ ပုံ

သကြား ခွက် ၁/၂ ပုံ

သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်ရင်လည်း ရပါတယ်)

ပြုလုပ်နည်း

အရင်ဆုံး အုန်းဆီထည့်ပါ။ တကယ်လို့ အုန်းဆီကခဲနေရင် အရည်ပျော်အောင် အပူနည်းနည်းပေးလိုက်ပါ။ ပြီးရင် ကျန်တဲ့ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပြီး သေချာမွှေပေးပါ။ သင့်တကိုယ်လုံးက အသားအရေကို လိမ်းပေးလို့ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ချေးချွတ်ချင်တယ် ဆိုရင်လည်း သင့်တော်ပါတယ်။ အရင်ဆုံး တကိုယ်လုံးကို ရေလောင်းချပေးလိုက်ပါ။ မျက်နှာကိုလည်း ရေစိုအောင်လုပ်ပြီး လိမ်းပေးပါ။ မျက်လုံးနားတဝိုက်ကိုရှောင်ပါ။ ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီး ကိုယ့်နောက်ကျောကို လိမ်းခိုင်းနိုင်ပါတယ်။ လိမ်းထားပြီးရင် ခဏလောက် ပွတ်ပေးပါ။ ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ်လုပ်နိုင်ပါတယ်။ ညနေဖက်လုပ်တာပိုကောင်းပါတယ်။