ခြေဖိနောက်ကွဲတာ၊ ခြေထောက်မှာ အသာမာတက်တာတွေနဲ့ ခြေထောက်အသားအရေလေး ညစ်ညမ်းနေတာတွေကို သက်သာပျောက်ကင်းစေဖို့ အသားအရေကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။

ခြေထောက်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သင့်ခြေထောက်အသားအရေကို နူးညံ့စိုပြေစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

အုန်းဆီနဲ့ဆား

အုန်းဆီဟာ သဘာဝအတိုင်း အသားအရေကို စိုပြေစေပြီး၊ ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ဆားဟာဆိုရင်လည်း သင့်အသားအရေကို နူးညံ့စေပြီး၊ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် အနံ့သက်ဆိုးတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

အုန်းဆီ ခွက်တစ်ဝက်

ဆား စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

အုန်းဆီကို အဖုံးပါတဲ့ ဘူးတစ်လုံးထဲထည့်လိုက်ပြီး ဆားထည့်လိုက်ပါ။ ပြီးရင် သေချာမွှေလိုက်ပြီး အဖုံးပိတ်လိုက်ကာ နှစ်နာရီလောက်ထားပါ။ အဲဒီလိုထားပြီးမှ သုံးရပါမယ်။

အသုံးပြုနည်း

ညအိပ်ယာမဝင်ခင် ခြေထောက်ကို ဆပ်ပြာနဲ့အရင်ဆေးလိုက်ပါ။ ပြီးရင် စောစောက ရောထားတဲ့ ဆားနဲ့အုန်းဆီကို လိမ်းလိုက်ပြီး မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိထားပါ။ အဲဒီနောက် ရေနွေးထဲထည့်ပြီး စိမ်ထားလိုက်ကာ ခြေထောက်ကို ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ ၁၅ မိနစ်လောက်နှိပ်ပေးပြီးရင် ရေအေးနဲ့ထပ်ဆေးချပြီး ခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင် Moisturizer လိမ်းပေးပါ။ တစ်ပတ်ကို ၄ ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။