ကိစ္စသေးသေးလေးတွေဆိုပေမယ့် အထင်တော့မသေးလိုက်နဲ့နော်။ သေးသေးမွှားမွှားဆိုပေမယ့် သင့်အသားအရေကို ထိခိုက်စေတဲ့ အရာတွေရှိပါတယ်။

ဒီအချက်လေးတွေကို ရှောင်ပေးလိုက်မယ်ဆိုရင်တော့ သင့်အသားအရေကို ပိုပြီး လှပစိုပြေလာစေမှာပါ။

၁။ ဖုန်းစခရင်မ်ကို သန့်ရှင်းရေး မလုပ်ပေးခြင်း

ဖုန်းဟာ ကျွန်မတို့ နေ့စဉ် ကိုင်တွယ်ရဆုံး ပစ္စည်းတစ်ခုဖြစ်ပါတယ်။ အားနေရင် ဖုန်းကို ပွတ်နေကြတာချည်းပါတယ်။ အဲဒီလို ဖုန်းကို ပွတ်နေရင်းမှ ဖုန်းလာရင် ကောက်ကိုင်လိုက်တတ်ကြပါတယ်။ ဒီလိုမလုပ်ဘဲ တစ်ရှူးလေးနဲ့ ခဏခဏ ဖုန်ကို သုတ်ပေးသင့်ပါတယ်။

၂။ မိတ်ကပ် Brush တွေကို ပုံမှန် သန့်ရှင်းရေးလုပ်မပေးခြင်း

သင်အသုံးပြုနေတဲ့ မိတ်ကပ် Brush တွေကို ပုံမှန်သန့်ရှင်းရေးမလုပ်တာဟာ ဝက်ခြံဖြစ်စေသလို၊ Allergies တွေ ဖြစ်စေပါတယ်။ ဒါ့အပြင် တခြား ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ၂ လတစ်ခါလောက်တော့ သင့်ရဲ့ အလှပြင်ပစ္စည်းတွေကို စပ်ပြာနဲ့ သေချာဆေးပြီး နေခြောက်အောင် လှန်းပါ။

၃။ အစာမစားခြင်း

တကယ်တော့ ကိုယ်အလေးချိန်ကျဖို့ရော အသားအရေလှဖို့ရော အစားလုံးဝမစားတာမျိုး မလုပ်သင့်ပါဘူး။ အစားကို ပုံမှန်လေးစားပေးသင့်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာကို စားပေးပါ။

၄။ မျက်နှာကို ချေးခဏခဏ ချွတ်ခြင်း

မျက်နှာကို ချေးခဏခဏ ချွတ်ပေးတာ၊ အသားအရေကို ချေးခဏခဏ ချွတ်ပေးတာဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ အကောင်းဆုံးကတော့ ၁ ပတ်ကို ၁ ခါလုပ်ပေးတာကအကောင်းဆုံးပါ။

၅။ ရေကူးကန်ထဲမဆင်းခင် ခရင်မ်မလိမ်းခြင်း

ရေကူးကန်ထဲ ဆင်းတော့မယ်ဆိုရင် မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ခရင်မ်လိမ်းပေးလိုက်ပါ။ ရေကူးကန်ကရေထဲမှာ ကလိုရင်းထည့်ထားတာကြောင့် သင့်အသားအရေကို ခြောက်သွေ့ပျက်စီးစေပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပြီး ရေမချိုးခြင်း

သင့်အသားရေကို ထိခိုက်စေတဲ့ သင်လုပ်မိတဲ့ အမှားသေးသေးလေးတွေ

လေ့ကျင့်ခန်းလုပ်ပြီးလို့ ၅ မိနစ်လောက်နေရင် ရေချိုးပေးပါ။ ချွေးကို သုတ်တာမျိုးမဟုတ်ဘဲ ရေချိုးပေးတာဟာ သင့်ကို ပေါ့ပါးလန်းဆန်းစေပြီး အသားအရေကို စိုပြေစေပါတယ်။ မဟုတ်ရင်တော့ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လာစေမှာဖြစ်ပါတယ်။

၇။ အရမ်းပူတဲ့ရေနဲ့ ရေချိုးခြင်း

ရေချိုးရင် အပူချိန်ကို အရမ်းမြင့်ပြီး ချိုးတာဟာ အသားအရေကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အပူအအေးမျှပြီးချိုးပါ။

၈။ ရေအလုံအလောက်မသောက်ခြင်း

ရေသောက်ရင် အသားအရေလှတယ်ဆိုတာ လူတိုင်း လက်ခံထားကြပေမယ့် လူတိုင်း လိုက်မလုပ်ကြပါဘူး။ တစ်နေ့တာလုံးကို ရေသောက်ခြင်းနဲ့ အစပြုပြီး ရေသောက်ပြီး အဆုံးသတ်ပါ။ ရေကိုသောက်ဖို့ မေ့မေ့တတ်ရင် ဖုန်းပေါ်မှာ တင်ထားလိုက်ပါ။ ဒါဆို ဖုန်းကို ခဏခဏ ကြည့်မိမှာဖြစ်လို့ ရေသောက်ဖို့လည်း ခဏခဏ သတိရလာမှာပါ။ တစ်နေ့ကိုရေအနည်းဆုံး ၈ ခွက်သောက်သင့်ပါတယ်။