မနက်ခင်း အိပ်ရာမှနိုးထလာသည်နှင့် မှန်ထဲသို့ကြည့်လိုက်သည့်အခါ မျက်နှာဖောင်းအစ်နေပါက စိတ်ဓာတ်ကျသွားစရာမလိုပါဘူး။ အသားအရေကို ချက်ချင်းဆိုသလို ပြန်လည်တင်းတင်းရင်းရင်းဖြစ်သွားစေမည့် လွယ်ကူသက်သာနည်းလမ်းလေးများကိုသာသိထားပါက တနေ့တာကို ကောင်းကောင်း ကြီးဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။ ထိုသို့မျက်နှာဖောင်းအစ်ရခြင်းရဲ့ အကြောင်းအရင်းနဲ့ အနာဂတ်မှာလည်း နောက်ထပ်မဖြစ်ပေါ်ရအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးများကို ပြန်လည်မျှဝေလိုက်ရပါတယ်။

မျက်နှာဖောင်းအစ်ခြင်းကို ဘာကဖြစ်ပေါ်စေတာလဲ

မနက်ခင်းအိပ်ရာကနိုးထသည့်အချိန်မှာ မျက်နှာမို့အစ်နေရခြင်းမှာ ရေဓာတ်ကုန်ဆုံးခြင်း၊ ရာသီယားနာများဖြစ်ပေါ်ခြင်း၊ ဆား သို့မဟုတ် အရက် အများအပြားသုံးစွဲမိခြင်း စသည့်အကြာင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။

မြန်မြန်ဘယ်လိုပြင်ရမလဲ

အိပ်ရာမှနိုးသည်နှင့် မျက်နှာဖောင်းအစ်နေသည်ကို သတိထားလိုက်မိပါက ပထမဦးဆုံးအနေဖြင့် လုပ်ရမည့်အရာမှာ အေးမြသော သို့မဟုတ် ကြက်သီးနွေးရုံရှိသည့် ရေဖြင့်မျက်နှာဆေးကြောလိုက်ပါ။ ထို့အပြင် ရေများများသောက်ပေးခြင်းက အကူအညီဖြစ်နိုင်သော်လည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းက ပိုမိုလျင်မြန်စွာထိရောက်မှုရှိမှာဖြစ်ပါတယ်။

အကယ်၍မျက်လုံးကသာ ဖောင်းအစ်နေလျှင်တော့ အစိုဓာတ်ရှိသည့် လက်ဖက်အိတ်များကို တင်ပေးခြင်းက ထိုအိတ်ထဲရှိကဖင်းဓာတ်မှ သွေးကြောများကို ပြန်လည်ကျုံ့သွားစေမှာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်မှုရှိပါ။

မိုးလင်းမှ မိုးချုပ်အထိ ရေဓာတ်အပြည့်ရှိနေဖို့ အင်မတန်မှ အရေးကြီး၍ ညဖက်အိပ်ရာဝင်သည့်အခါတွင်လည်း မိမိကိုယ်ခန္ဓာအား အနည်းဆုံး ခေါင်းအုံးနှစ်လုံးဖြင့် ပင့်တင်ပေးခြင်းဖြင့် သင့်မျက်နှာအတွင်း ရေစုဝေးရာမှကာကွယ်နိုင်မှာဖြစ်ပါတယ်။

မိတ်ကပ်စနစ်တကျလိမ်းခြယ်ပါ။

မျက်နှာမို့အစ်မှုကို မိတ်ကပ်ဖြင့်ဖုံးကွယ်သည့်အခါမှာ contouring ကိုအသုံးပြုဖို့ မိတ်ကပ်ပညာရှင်တစ်ဦးမှ အကြံပြုထားပါတယ်။ ပါးလွှာသေးသွယ်သည့် မျက်နှာကျကို ဖန်တီးရန်အတွက် နားရွက်မှ မေးရိုးတစ်လျှောက်နှင့် ပါးအောက်နားတို့ကို angled brush ဖြင့် လိမ်းချယ်ပေးနိုင်ပါတယ်။